Friday, January 2, 2015

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေစး သင်တန်းဖွင့်

Photo: ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေစး သင်တန်းဖွင့်

အင်္ဂပူ ဇန်နဝါရီ ၁

ကလေးသူငယ်  ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကလေးသူငယ်များနှင့်အများဆုံးထိတွေ့ ဆက်ဆံနေရသော  ဆရာ ဆရာမများ သိရှိနားလည်ပြီး  ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ဒီဇင်ဘာ ၂၉  ရက် နံနက် ၉ နာရီက  ထူးကြီးမြို့ ကလေးသူငယ်   အခွင့်အရေးများ     ဆိုင်ရာကော်မတီနှင့် CFN ကလေးသူငယ်များ   ဖွံ့ဖြိုးရေးအသင်းတို့   ပူးပေါင်းကျင်းပသည့်    အခြေပြု      ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲကို   ထူးကြီးမြို့ ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်  ထူးကြီးမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်မျိုးဦးနှင့်ထူးကြီးမြို့  အခြေခံပညာကျောင်း မိသားစု၊ ကျောင်းစုမှူး ဦးတင်မြင့် တို့က အမှာစကားပြောကြားသည်။ ထို့နောက် CFN ကလေးသူငယ်များ ဖွံ့ဖြိုးရေးအသင်းက သင်တန်းနည်းပြ  ဆရာများဖြစ်ကြသော ဦးမင်းသိန်း၊ ဦးကြီးမြင့်၊ ဦးမျိုးမင်းဆွေတို့က ဆရာ ဆရာမများကို  ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေးဆိုင်ရာ သင်ခန်းစာများ ပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့  ထူးကြီးမြို့အတွင်းမှ ဆရာ ဆရာမ ခြောက်ဦး တက်ရောက်ခဲ့ပြီး  သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက ဒေသအတွင်း ဖြစ်ပေါ်နေသော  ကလေးသူငယ်များ ဆိုင်ရာကိစ္စရပ်များကို မြို့နယ်ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်      မည်ဖြစ်ကြောင်းသိရသည်။

မန်းကျော်
 
No comments:

Post a Comment