Friday, January 2, 2015

ရာသီကုန်အထိ လမ်းပတ်ကို မန်စီးတီးခေါ်ယူ

Photo: ရာသီကုန်အထိ လမ်းပတ်ကို မန်စီးတီးခေါ်ယူ

မန်စီးတီးအသင်းက ကွင်းလယ်ကစားသမား  လမ်းပတ်အား ရာသီကုန်အထိ အငှားစာချုပ်တိုးချဲ့လိုက်ပြီဖြစ်သည်။ နယူးယောက်စီးတီးမှ မန်စီးတီးသို့ အငှားချထားသော အသက် ၃၆ နှစ်အရွယ် ကွင်းလယ်ကစားသမား လမ်းပတ်အနေဖြင့် ဒီဇင်ဘာ ၃၁ ရက်တွင် အငှားချထားမှု စာချုပ်သက်တမ်းကုန်ဆုံးခဲ့သော်လည်း နွေရာသီတိုင်အောင် မန်စီးတီး၌ ဆက်ရှိနေလိမ့်မည်ဟု ဆိုသည်။ ချယ်လ်ဆီးကစားသမားဟောင်း လမ်းပတ်သည် ယခုနှစ်ရာသီတွင် မန်စီးတီး အတွက် ၁၇ ပွဲ ဝင်ကစားခဲ့ရာ ခြောက်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ 

ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment