Friday, January 2, 2015

မူလတန်းလွန်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ နမ့်ခမ်းမြို့၌ ကျင်းပ

Photo: မူလတန်းလွန်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ နမ့်ခမ်းမြို့၌ ကျင်းပ

နမ့်ခမ်း  ဇန်နဝါရီ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့် ခမ်းမြို့နယ် ခိုလှုံလီရှောတိုင်းရင်းသား ကျေးရွာဖြစ်သော လွယ်လွမ်(လီရှော)အခြေခံပညာမူလတန်းလွန်ကျောင်း နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ်နှင့် ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ  ၂၉  ရက် နံနက်က ကျောင်းဆောင် သစ်နေရာ၌  ကျင်းပရာ  နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် သက်ထွန်းဦးနှင့်  သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပရာ    ဗိုလ်မှူးချုပ် သက်ထွန်းဦးက အမှာစကားပြောကြားပြီး ကျောင်းဆောက် လုပ်ရေးကော်မတီဥက္ကဋ္ဌ   ဦးအောင်ထွန်းက   ကျောင်းဆောင်သစ်   ဆောက်လုပ်ရေးနှင့်  ပတ်သက်၍ ရှင်းလင်းတင်ပြသည်။  

ယင်းနောက် ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများကို ပညာရေးဌာနသို့   လွှဲပြောင်းပေးအပ်ရာ    မြို့နယ်ပညာရေးမှူး ဒေါ်သန်းလှကလက်ခံယူပြီး    ကျေးဇူးတင်စကားပြောကြားသည်။

ယခုဖွင့်လှစ်ခဲ့သော   ကျောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၅ဝ က ကျေးရွာ   ပြည်သူများ၏  ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် သက်ငယ်မိုး၊ ထရံကာဖြင့်  စာသင်ခန်းသုံးခန်း ပါဝင်သော  ကျောင်းငယ်တစ်ဆောင်ကို ဖွင့်လှစ်သင်ကြားခဲ့ရာမှ   ၂ဝ၁ဝ-၂ဝ၁၁  ဘဏ္ဍာရေးနှစ်တွင်  ပညာရေးဌာန၏   ခွင့်ပြုငွေကျပ်သိန်း  ၆ဝ နှင့်ကျေးရွာပြည်သူများ၏  လှူဒါန်းငွေကျပ်သိန်း ၂ဝ ဖြင့် မတည်ဆောက်လုပ်ခဲ့ပြီး ကျန်လိုအပ်သောငွေများကို ခိုလှုံလီရှောတိုင်းရင်းသား ယဉ်ကျေးမှု ဒုဥက္ကဋ္ဌ  ဦးအောင်ထွန်းနှင့်အဖွဲ့က အကုန်အကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အလျားပေ ၁၂ဝ၊ အနံ ၁၈ ပေ သွပ်မိုးနံကပ်တစ်ဆောင်၊ (၃၆ x ၁၈) ပေ   စာသင်ဆောင် တစ်ဆောင်အပါအဝင် ဆရာ ဆရာမ များနေအိမ်တို့ကို ဆောက်လုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဉာဏ်မင်း(နမ့်ခမ်း)
 
No comments:

Post a Comment