Friday, January 2, 2015

မန်ယူအသတင်း အဝေးကွင်းမှာ သရေတစ်မှတ်ယူ

Photo: မန်ယူအသတင်း အဝေးကွင်းမှာ သရေတစ်မှတ်ယူ

နှစ်သစ်ရဲ့ အစောဆုံးပွဲဖြစ်သည့် ပရီမီယာလိဂ် ပွဲစဉ်(၂ဝ) စတုတ်စီးတီးနှင့် မန်ယူတို့ဇန်နဝါရီ ၁ ရက် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

အိမ်ရှင်စတုတ်အသင်းသည် ပွဲစပြီး ၂မိနစ်တွင် ပီတာခရော့ခ်ျ၏ ဖန်တီးမှုမှ တစ်ဆင့်ရှောခရော့စ်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ မန်ယူအသင်းသည် ချေပဂိုးရရှိရန် ပြန်လည်ဖိကစားခဲ့ရာ ပွဲချိန် ၂၆မိနစ်တွင်  မိုက်ကယ်ကာရစ် ဖန်တီးပေးသောဘောလုံးကို တိုက်စစ်မှူး ဖယ်လ်ကာအိုက သွင်းယူခဲ့သည်။ ပထမပိုင်းတစ်ဂိုးစီရလဒ်မှာ  ပွဲပြီးချိန်ထိ  ထပ်မံပြောင်းလဲမှုမရှိခဲ့ပေ။ မန်ယူအသင်းသည် ဘောလုံးပိုင်ဆိုင်မှုများခဲ့သော်လည်း အိမ်ရှင်စတုတ် အသင်းက ဂိုးသွင်းခွင့်အသာစီးရခဲ့သည်။ မန်ယူအသင်းသည် သရေတစ်မှတ်ရရှိကာ ၁ဝပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ရမှတ် ၃၇ မှတ်ဖြင့် အဆင့်သုံး၌ ဆက်လက်ရပ်တည်နေသည်။ စတုတ်အသင်းမှာ ရမှတ်  ၂၆ မှတ်ရရှိထားသည်။ ဇန်နဝါရီ ၁၁ ရက်တွင် မန်ယူအိမ်ကွင်း၌ ဆောက်သမ်တန်အသင်းကို ဧည့်ခံကစားရမည်ဖြစ်သည်။ 
  
သီဟ
 
No comments:

Post a Comment