Friday, January 30, 2015

စွမ်းအားမြှင့်မီးဖို အလုံး ၁၅၀၀ ဖြန့်ဝေပေးအပ်

Photo: စွမ်းအားမြှင့်မီးဖို အလုံး ၁၅၀၀ ဖြန့်ဝေပေးအပ်
===========================

ကလော ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ် ကလောမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိပြည်သူများအား ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အင်းလေးကန်ရေရှည် တည်တံ့ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်းမှ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးအပ်ပွဲကို ကလောမြို့နယ်ခန်းမ၌ ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ ကြကြောင်း သိရသည်။
ကလောမြို့နယ် ဟဲဟိုးကျေးရွာအုပ်စုမှ နတ်ကန်၊ လယ်ခေါင်း၊ ပုန်းအင်း၊ စကားအင်းကျေးရွာများ၊ ငုတ်ကျေးရွာအုပ်စုမှ လက်ပံပင်၊ ထီသိမ်နှင့် ငုတ် ကျေးရွာ၊ ရွှေမင်းဖုန်းကျေးရွာအုပ်စုတို့မှ တအာင်းပလောင်တိုင်းရင်းသားများ၊ ပိန္နဲပင်ကျေးရွာ၊ တာယောနှင့်  ရှော်တောကျေးရွာ၊ ဝက်ဖြူရေ၊  နန့်ပန်တက်၊ သာမိုင်းခမ်းကျေးရွာများမှ ကျေးလက်နေ ပအိုဝ်း၊ ပလောင်၊ တောင်ရိုးနှင့်ဓနု တိုင်းရင်းသားများ စုစုပေါင်းအိမ်ထောင်စု ၁၅ဝဝ အတွက် စွမ်းအင်လောင် စာ ချွေတာနိုင်ပြီး သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု စွမ်းအားမြှင့် A1  မီးဖိုများကို ရှမ်းပြည်နယ်သစ်တောရေးရာ ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းနှင့် ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်စိန်မမနှင့် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊     စည်ပင်သာယာရေးကော်မတီ၊    ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဝင်များက ပေးအပ်ခဲ့သည်။          
ဇော်သိန်းရည်

No comments:

Post a Comment