Friday, January 2, 2015

သုံးမြွှာပူးမွေး မိခင်အား ငွေကျပ် ငါးသိန်းထောက်ပံ့

Photo: သုံးမြွှာပူးမွေး မိခင်အား ငွေကျပ် ငါးသိန်းထောက်ပံ့

ဖျာပုံ  ဇန်နဝါရီ  ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သုံးမြွှာပူးမွေးမိခင်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို  ၂ဝ၁၄   ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၁ဝ နာရီတွင် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံ ကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေးက ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာနေ သုံးမြွှာပူးမွေး မိခင်ဖြစ်သူ ဒေါ်ဇင်မာလွင်အား ထောက်ပံ့ငွေကျပ်  ငါးသိန်း တိတိ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ မိန်းကလေးသုံးမြွှာပူးကို ဒီဇင်ဘာ ၃ဝ ရက်တွင် ဖျာပုံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စိန်စိန်၊ သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာ ဒေါ်ဆွေဆွေလှိုင်နှင့် ဆရာဝန် ဆရာမများက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မွေးဖွားစရိတ်ကိုလည်း ဖျာပုံခရိုင်ဆေးရုံက အကုန်ကျခံ၍ အခမဲ့မွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  
       
သူဇာနွယ်(ဖျာပုံ)

No comments:

Post a Comment