Friday, January 2, 2015

မြန်မာ-ကိုရီးယား အပြည်ပြည်ဆိုင်ရာသစ်လုပ်ငန်းမှ စာရေးကိရိယာ လှူဒါန်း

Photo: မြန်မာ-ကိုရီးယား အပြည်ပြည်ဆိုင်ရာသစ်လုပ်ငန်းမှ စာရေးကိရိယာ လှူဒါန်း
===============================================

ရေတာရှည်   ဇန်နဝါရီ   ၁

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ဆွာမြို့ရှိ မြန်မာ-ကိုရီးယား အပြည်ပြည်ဆိုင်ရာ သစ်လုပ်ငန်း MKTI SUNCHAN FAMILY  အထပ်သားစက်ရုံမှ ဆွာမြို့အခြေခံ ပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်း သား ကျောင်းသူများအား   စာရေးကိရိယာများနှင့်  ကွန်ပျူတာခန်း ပြုပြင်ရန်အတွက် ကျပ်သိန်း ၆ဝ တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကို ဒီဇင်ဘာ ၃ဝ ရက် မွန်းလွဲ ၁ နာရီခွဲက အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်ရီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထပ်သားစက်ရုံမှ   Director Mr. Tae I1 Lim  က ကလေးသူငယ်များသည် ကျွန်တော်တို့ အနာဂတ်အတွက် မျှော်လင့်ချက်နှင့် အခွင့်အလမ်းများ ကောင်းစေဖို့ ရည်ရွယ်ချက်ဖြင့် လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။ 
ဆက်လက်၍  မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၈၉၁ ဦး အတွက် ကျောင်းသုံးပစ္စည်း ၅၂ သိန်း ကျောင်းသုံးကွန်ပျူတာခန်းပြုပြင် ရန်အတွက် အလှူငွေကျပ် ရှစ်သိန်း တို့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုလွင်(ဆွာ)

No comments:

Post a Comment