Thursday, January 1, 2015

ဘီလူချောင်းအမှတ် (၃) ရေအားလျှပ်စစ်စက်ရုံ ရာနှုန်းပြည့်တည်ဆောက်ပြီးစီး၍ မကြာမီဖွင့်မည်

Photo: ဘီလူချောင်းအမှတ် (၃) ရေအားလျှပ်စစ်စက်ရုံ ရာနှုန်းပြည့်တည်ဆောက်ပြီးစီး၍ မကြာမီဖွင့်မည်
===============================

သတင်း-ခရမ်းစိုးမြင့်
ဓာတ်ပုံ-ကျော်မိုးလွင်

လွိုင်ကော်   ဒီဇင်ဘာ   ၃၁

ဘီလူးချောင်းအမှတ်(၃) ရေအား လျှပ်စစ်စီမံကိန်းသည်   ကယား ပြည်နယ် လွိုင်ကော်မြို့အနီး တည်ရှိ စီးဆင်းနေသော ဘီလူးချောင်းပေါ်ရှိ ရေတံခွန်အဆင့်ဆင့်ကို အခြေခံတည် ဆောက်ထားသော   တတိယနှင့် နောက်ဆုံးအဆင့်  ရေအားလျှပ်စစ် စက်ရုံဖြစ်သည်။

စီမံကိန်းကို  ဂျပန်နိုင်ငံ  နိပွန် ကိုအိ ကုမ္ပဏီလီမိတက် (Nippon Koei Co.,Ltd) က ၁၉၅၉ တွင် ပြုစု တင်ပြသောစာတစ်စောင်နှင့် ၁၉၈၉ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်များတွင်လည်း New Japan Engineering Con- sultants Inc.(Newjec.) က လေ့လာ ခဲ့ပြီး ပြုစုတင်ပြခဲ့သော ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာပေါ်  အခြေခံ၍ တည်ဆောက်ခဲ့သော   စီမံကိန်းဖြစ် သည်။      ဘီလူးချောင်းအမှတ်(၃) ရေအားလျှပ်စစ်စီမံကိန်းသည်    ဘီ လူးချောင်းအမှတ်(၂)  ဓာတ်အား ပေးစက်ရုံမှ   ထွက်ရှိသည့်ရေနှင့် ဘီလူးချောင်းမှရေအချို့ကို ရေသွယ် မြောင်းဖြင့်သွယ်ယူပြီး ၄ ဒသမ ၃ ကီလိုမီတာ ရှည်လျားသောရေသွယ် ဥမင်လိုဏ်မှတစ်ဆင့် ရေထိန်းကန် ဖိအားမြှင့်ပိုက်နှင့်  ဓာတ်အားပေး စက်ရုံများဆီသို့ ပို့လွှတ်၍  လျှပ်စစ် ဓာတ်အားကို ထုတ်ယူမည်ဖြစ်သည်။

ရည်ရွယ်ချက်မှာ လိုအပ်သည့် ဖြည့်တင်းရေကို  ရယူရန်အတွက် ဘီလူးချောင်းပေါ်တွင်   ရေလွှဲဆည် တစ်ခုတည်ဆောက်၍ ၃ ဒသမ ၄ ကုဗမီတာ/စက္ကန့်  ပမာဏရှိသော ရေနှင့်  အမှတ်(၂)ဓာတ်အားပေး စက်ရုံမှ ထုတ်လွှတ်သော ၄၈ ကုဗ မီတာ/ စက္ကန့်  ပမာဏရှိရေကို ရယူပြီးလျှင်  အသစ်တည်ဆောက် ထားသော  ရေသွယ်ဥမင်လိုဏ်များ မှတစ်ဆင့်  ပွန်ချောင်းနံဘေးတွင် တည်ဆောက်ထားသော   လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ် အား ၅၂ မဂ္ဂါဝပ်ကို  ထုတ်ယူသွား ရန်ဖြစ်သည်။

စီမံကိန်းဖြစ်ပေါ်လာပုံမှာ အမေ ရိကန်နိုင်ငံ  ကေတီအေကုမ္ပဏီမှ အရေးပါသည့်  စီမံကိန်းများကို ရွေးချယ်သတ်မှတ်ကာ   ပဏာမ စူးစမ်းလေ့လာမှုများ   ပြုလုပ်ခဲ့ရာ တွင်  ဘီလူးချောင်းစီမံကိန်းသည် ပထမဦးစားပေးအဆင့်သို့  ရောက် ရှိခဲ့ပါသည်။ ထို့ကြောင့် ကေတီအေ ကုမ္ပဏီ၏ ၁၉၅၃ ခုနှစ်တွင်တင်ပြ သည့် အစီရင်ခံစာအရ   ဘီလူး ချောင်း  ရေအားလျှပ်စစ်စီမံကိန်း သည် ၂ဝ မှ ၂၉ ဒသမ ၄ မဂ္ဂါဝပ် အထိရရှိနိုင်ကြောင်း        ဖော်ပြခဲ့ သဖြင့်   အဆိုပါအစီရင်ခံစာကို မြန်မာနိုင်ငံအစိုးရမှ   ဂျပန်နိုင်ငံ နိပွန်ကိုအိကုမ္ပဏီသို့  အကြောင်း ကြားပြီး လေ့လာအကြံပြုပေးပါရန် ကမ်းလှမ်းခဲ့ရာ နိပွန်ကိုအိကုမ္ပဏီမှ ဘီလူးချောင်းရေအားလျှပ်စစ်စီမံ ကိန်းသည် နိုင်ငံတော်၏စီးပွားရေး တိုးတက်မှုအတွက်  ပထမဦးစွာ အကောင်အထည်ဖော်သင့်သည့် စီမံ ကိန်းဖြစ်ကြောင်းတင်ပြခဲ့သည်။

ထို့နောက် ၁၉၅၄ ခုနှစ် ဆန်း ပိုင်းတွင်     နိပွန်ကိုအိကုမ္ပဏီမှ ပဏာမစူးစမ်းလေ့လာရေးအဖွဲ့သည် ဘီလူးချောင်းဒေသသို့ ကွင်းဆင်း လေ့လာပြီး ဘီလူးချောင်းတွင် ရေ အား အမြင့်ပေ ၂ဝ၉၂ ပေကို အသုံး ပြုပြီး အမှတ်(၁)၊  (၂)နှင့်အမှတ် (၃)ဓာတ်အားပေး    စက်ရုံသုံးရုံ တည်ဆောက်ပါက စုစုပေါင်း ၁၂၄ မဂ္ဂါဝပ်      ရရှိနိုင်ကြောင်းနှင့် အင်းလေးကန်မှရေကို ရေလှောင် ကန်တစ်ခုပြုလုပ်ပြီး  ထိန်းသိမ်းပေး ခြင်းဖြင့် ၂၄ဝ မဂ္ဂါဝပ်ထိ  ရရှိနိုင် ကြောင်း တင်ပြခဲ့မှုမှ  စီမံကိန်းများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စီမံကိန်းတည်နေရာမှာ ကယား ပြည်နယ် လွိုင်ကော်မြို့၏ အရှေ့ တောင်ဘက် ၂ဝ ကီလိုမီတာအကွာ ဘီလူးချောင်းနှင့်  ပွန်ချောင်းဆုံရာ အနီးပွန်ချောင်း၏  လက်ယာဘက် ကမ်းပါးတွင်တည်ရှိပြီး မြေပုံအညွှန်း မှာ E-332259,309,N-2161498, 298  ဖြစ်သည်။  

ဘီလူးချောင်း   အမှတ်(၃)ရေအားလျှပ်စစ်    စီမံကိန်း၏ စီမံကိန်းဆိုင်ရာ  အဓိကအချက် အလက်များမှာ တည်နေရာလွိုင်ကော် မြို့၏အရှေ့တောင်ဘက် ၂ဝ ကီလို မီတာခန့်အကွာ၊  ဘီလူးချောင်းနှင့် ပွန်ချောင်းဆုံအနီး စီမံကိန်းအမျိုး အစား-ရေလွှဲဆည်၊ ရေသွယ်ဥမင် လိုဏ်၊ ရေဆင်းဧရိယာ- ၃ ဒသမ ၁ဝ၅ စတုရန်းမိုင်(၈ဝ၉ဝ စတုရန်း ကီလိုမီတာ)၊   ရေလွှဲဆည်အမျိုး အစား-သံကူကွန်ကရစ်  Ogee  ပုံ သဏ္ဌာန်၊ အမျိုးအစား-မြေပေါ် စက်ရုံ၊ တာဘိုင်အမျိုးအစား- Ver- tical shaft Francis Turbine, Discharge,Francis Type 27000 kw x 2 units ၊ တပ်ဆင်အင်အား ၅၂ မဂ္ဂါဝပ်(၂၆ မဂ္ဂါဝပ်x နှစ်လုံး)တစ်နှစ်ပျမ်းမျှထုတ်လုပ်မည့်  စွမ်း အင် - ၃၃၄ ကီလိုဝပ်နာရီ  သန်း ပေါင်း ဖြစ်ပြီး ဘီလူးချောင်းအမှတ် (၃)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအား  အနာဂတ်စွမ်း အား ကုမ္ပဏီလီမိတက်မှ  တာဝန် ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ အဆိုပါဘီလူးချောင်း အမှတ်(၃)ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှာ ရာနှုန်းပြည့်တည် ဆောက်ပြီးစီးပြီ ဖြစ်သောကြောင့် စမ်းသပ်လည်ပတ်လျက်ရှိပြီး ၂ဝ၁၅ ခုနှစ်  ဇန်နဝါရီလမှစ၍  စက်ရုံမှ ထွက်ရှိမည့်ဓာတ်အားများကို ဘီလူး ချောင်းအမှတ်(၂)ရေအားလျှပ်စစ် ဓာတ်အားခွဲရုံသို့    ပေးပို့ပြီးထို ဓာတ်အားခွဲရုံမှတစ်ဆင့်  မြန်မာ တစ်ပြည်လုံးသို့  ပေးပို့ဖြန့်ဖြူးသွား မည်ဟု သိရသည်။

No comments:

Post a Comment