နေပြည်တော် ဒီဇင်ဘာ ၃၁
မြန်မာ့အလင်းသတင်းစာတိုက် (ရန်ကုန်)တွင် မန်နေဂျာတာဝန် ထမ်းဆောင်ခဲ့သည့် ဦးထွန်းထွန်းလတ်နှင့် လက်ထောက်မန်နေဂျာ တာဝန်ထမ်းဆောင်ခဲ့ကြသူ ဦးဝင်းမြင့်နှင့် ဦးကျော်မင်းဦးတို့အား နိုင်ငံတော်ဘဏ္ဍာ ငွေအလွဲသုံးစားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်မှုတစ်ခုလျှင် ထောင်ဒဏ် (၁ဝ)နှစ်နှင့် ပြစ်မှုလေးခုတို့အတွက် ထောင်ဒဏ်နှစ်(၄ဝ)အား အသီးသီးကျခံစေရန် ဒီဇင်ဘာ ၃ဝ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုသည် မြန်မာ့အလင်းသတင်းစာတိုက်၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ပေါ်ပေါက်ခဲ့သော ငွေကြေးကွာဟမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးလိမ်လည်ထုတ်ယူမှုတို့အတွက
နိုင်ငံတော်ဘဏ္ဍာ မဆုံးရှုံးစေရေးအတွက် ဝရမ်းကပ်သိမ်းဆည်းထား သော တရားခံသုံးဦး၏ နေအိမ်နှင့်တိုက်ခန်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
(သတင်းစဉ်)
No comments:
Post a Comment