Friday, January 2, 2015

ဆက်သွယ်ရေးကုမ္ပဏီများအား ဒေသခံတောင်သူတချို့ ကန့်ကွက်လျက်ရှိ

Photo: ဆက်သွယ်ရေးကုမ္ပဏီများအား ဒေသခံတောင်သူတချို့ ကန့်ကွက်လျက်ရှိ
=============================================

ရေး  ဇန်နဝါရီ   ၁

ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရဆက်သွယ်ရေးကုမ္ပဏီများကို  ရေး မြို့နယ်     ဥယျာဉ်ခြံတောင်သူများ တချို့က ကန့်ကွက်ကြောင်း   ဆန္ဒပြု လက်မှတ်များအား   မွန်ပြည်နယ် အစိုးရအဖွဲ့ထံ ဇန်နဝါရီ ၁ ရက်က တင်ပြထားလျက်ရှိကြောင်း   သိရ သည်။

အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီ များသည် ဒီဇင်ဘာ   တတိယပတ် လောက်မှစတင်၍   ရေးမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်များ  ကွန် ရက်ချိတ်ဆက်နိုင်ရန်အတွက် ဆက် သွယ်ရေးလုပ်ငန်းဖြစ်သော   ဖိုင်ဘာ ကြိုးများကို သွယ်တန်းလျက်ရှိရာ အမှတ်(၁၉)  ချောင်းတောင်ကျေးရွာ အုပ်စု ကြေးတိုင်ပြင်ကွင်းမှ ခြံပိုင်ရှင် များ၏ နှစ်ရှည်ပင်ရော်ဘာ၊ ကွမ်းသီး ပင်များ   စိုက်ပျိုးမြေနေရာများ   တစ်လျှောက်တွင်   လေးပေအနက် ခန့်ရှိသော ဆက်သွယ်ရေးဖိုင်ဘာကြိုး များမြေမြှုပ်ကာ     ခြံမြေများကို  ကျူးကျော်ဝင်ရောက် လုပ်ကိုင်လျက် ရှိကြသည်။

ထို့ကြောင့် ဒေသခံခြံရှင်၂ဝ ခန့် က  အဆိုပါဆက်သွယ်ရေးလုပ်ကိုင် ခွင့်ရ  ပြည်ပကုမ္ပဏီများ၏ တာဝန်ရှိ သူများထံသို့    လျော်ကြေးငွေများ ညှိနှိုင်းတင်ပြ     တောင်းခံလျက်ရှိရာ ကုမ္ပဏီက     နစ်နာကြေးများပေးရန်    နှေးကွေးနေ၍ ဒေသခံခြံရှင် ၂ဝ ခန့် တို့က သက်ဆိုင်ရာအဖွဲ့အစည်းများ ထံသို့ တင်ပြအကူအညီ    တောင်းခံ ထားကြောင်း သိရသည်။                                                 
              နေမျိုးထွဋ်(ရေး)
 
No comments:

Post a Comment