Friday, January 2, 2015

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အာဟာရဖြစ် အစားအစာများလှူဒါန်း

Photo: မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အာဟာရဖြစ် အစားအစာများလှူဒါန်း
==========================================

နေပြည်တော်   ဇန်နဝါရီ   ၁

နေပြည်တော်ကောင်စီနယ်မြေ စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာ ၌ တည်းခို၍ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ရှုခံအခမ်း အနားသို့   တက်ရောက်အလေးပြုမည့်  အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၃ နာရီခွဲက မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အာဟာရ ဖြစ်အစားအစာများ လာရောက်လှူဒါန်းသည်။

လှူဒါန်းရာတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ဒေါ်ထွေးထွေးညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်စဝ်နွမ်းခွန်ဆမ်နှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ချီတက် အလေးပြုမည့် ဗဟိုအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ နည်းပြဆရာများ၊ ကြီးကြပ်သူများ တက်ရောက် ခဲ့ပြီး စုစုပေါင်း ၄ဝဝ အတွက် အာဟာရဖြစ် အစားအစာများ လှူဒါန်းကာ လေ့ကျင့်မှုများကို အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။  မျိုးဇေယျာ(ပျဉ်းမနား)
 
No comments:

Post a Comment