Friday, January 2, 2015

အမေရိကန်က ဥရောပတစ်ခွင် တင့်ကားနှင့်သံချပ်ကာကားများ ဖြန့်ကြက်မည်ဟု ရှရှားကိုခြိမ်းခြောက်နေ

Photo: အမေရိကန်က ဥရောပတစ်ခွင် တင့်ကားနှင့်သံချပ်ကာကားများ ဖြန့်ကြက်မည်ဟု ရှရှားကိုခြိမ်းခြောက်နေ

နယူးယောက်  ဇန်နဝါရီ  ၁

အမေရိကန်ပြည်ထောင်စုက ဥရောပတစ်ခွင် တင့်ကားနှင့် သံချပ်ကာကားစီးရေ ၁၅ဝ ကျော် ဖြန့်ကြက်ထားမည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်အား    ထပ်မံ၍ခြိမ်းခြောက်လိုက်သည်။

ပင်တဂွန်  စစ်ဌာနချုပ်သည် ၂ဝ၁၅ ခုနှစ်အကုန်တွင် တင့်ကားများနှင့်စစ်ကားများကို    ဖြန့်ကြက်ရန် စီစဉ်ထားကြောင်း ဥရောပရှိ အမေရိကန်တပ်မှူး  ဒုတိယဗိုလ်ချုပ်ကြီး   ဘန်ဟော့ဂ်ျကပြောခဲ့သည်။

၎င်းတင့်ကားများနှင့် စစ်သုံးယာဉ်များကို ပိုလန်၊  ရိုမေးနီးယား နှင့်ဘောလ်တစ်နိုင်ငံများတွင် ဖြန့် ကြက်ထားမည်ဖြစ်ကြောင်း အမေရိကန်တပ်မှူးက ရိုက်တာသတင်းဌာနသို့ ပြောခဲ့သည်။

၂ဝ၁၅    ခုနှစ်အကုန်တွင် အင်အားတောင့်တင်းသော   တပ်မဟာတစ်ခုထူထောင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊၎င်းတပ်မဟာတွင် တပ်ရင်းသုံးရင်းအပြင် ကင်းထောက်တပ်ဖွဲ့၊ အမြောက်တပ်နှင့် အင်ဂျင်နီယာတပ်များပါဝင်ပြီး  ၎င်းတို့ကို ဥရောပတွင် ဖြန့်ကြက်ထားမည်ဖြစ်ကြောင်း တပ်မမှူးဟော့ဂ်ျက ပြောခဲ့သည်။

လွန်ခဲ့သောလက   ပင်တဂွန်စစ်ဌာနချုပ်သည်    မော်စကိုကို လက်နက်ထိန်းချုပ်ရေးစာချုပ် နှစ်ခုကို ဖောက်ဖျက်ခဲ့သည်ဟု  စွပ်စွဲကာဥရောပ၌ နျူကလီးယားဒုံးကျည်များ ပြန်၍ဖြန့်ကြက်ထားမည်ဟုဆိုကာ ရုရှားကိုခြိမ်းခြောက်ခဲ့သည်။

သို့သော်လည်း ရုရှားက အဆိုပါ စွပ်စွဲချက်ကိုငြင်းပယ်ထားပြီး မြေပြင် ပစ်ဒုံး လက်နက်ကို  ၂ဝ၁၄  ခုနှစ် ဇူလိုင်လတွင် အိုင်အင်န်အက်ဖ်စာချုပ်အရ စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

အမေရိကန်တပ်မှူး   ဒုတိယဗိုလ်ချုပ်ကြီးက     အမေရိကန်ပြည်ထောင်စုအနေဖြင့်   ဥရောပတွင်တပ်ဖွဲ့ဝင်အင်အား    ၃ဝဝဝဝ   ရှိကြောင်း၊ ထို့ပြင် တူညီသောတပ်ဖွဲ့ဝင် အင်အားဖြင့် အားပြည့်ထားသောလေတပ်၊ ရေတပ်နှင့်မရိန်းတပ်ဖွဲ့ဝင် များရှိကြောင်းပြောခဲ့သည်။ 

အမေရိကန်နှင့်   ၎င်း၏မဟာ မိတ်နိုင်ငံများက ရုရှားကိုယူကရိန်းတွင် စစ်ဆေးရေးဆိုင်ရာလှုပ်ရှားမှုများတွင် ထောက်ပံ့ပေးသည်ဆိုကာ  စွပ်စွဲခဲ့သည်။                  

(ပရက်စ်တီဗွီ)
 
No comments:

Post a Comment