Saturday, January 31, 2015

မကွေးမြို့၌ နှမ်းလှော်လုပ်ငန်းများအောင်မြင်ကာ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိနေ

Photo: မကွေးမြို့၌ နှမ်းလှော်လုပ်ငန်းများအောင်မြင်ကာ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိနေ
=======================================

မကွေး ဇန်နဝါရီ ၃ဝ

မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင် စားခေါ်ဝေါ်ကြသည့်   အလယ်ပိုင်း ဒေသ မကွေးတိုင်းဒေသကြီး မကွေး မြို့၌ အဓိကဆီထွက်သီးနှံတစ်မျိုးဖြစ် သည့်နှမ်းကို နိုင်ငံတော်၏ စားသုံး ဆီလိုအပ်ချက်  ဖြည့်ဆည်းပေးနေ သော နှမ်းဆီစက်လုပ်ငန်းများအပြင် ဒေသတွင်း   ရိုးရာဓလေ့ဖြစ်သည့် လက်ဖက်၊   ပဲကြမ်းတို့နှင့်လည်း ကောင်း၊  မုန့်ပဲသရေစာမျိုးစုံတွင် လည်းကောင်း အသုံးပြုမှုများသော နှမ်းလှော်ကိုလည်း  ထုတ်လုပ်လျက် ရှိရာ နှမ်းလှော်လုပ်ငန်းများ အောင် မြင်နေပြီး မကွေးမြို့နေပြည်သူများ အတွက် အလုပ်အကိုင်ဖန်တီးပေး နိုင်သော  လုပ်ငန်းတစ်ရပ်ဖြစ်နေ ကြောင်း သိရသည်။

''နှမ်းလှော်လုပ်ငန်းမှာ နှမ်းရေစိမ်၊ မောင်းထောင်း၊ လက်စကာချ၊ စက် စကာချ၊ အိတ်ပိတ်ကတ္တားချိန်၊ ဈေး ကွက်ဖြန့်လုပ်ငန်းဆိုပြီး တာဝန်ယူ ထားတဲ့ ကျွမ်းကျင်လုပ်သားတွေရှိပါ တယ်။   ကဏ္ဍအသီးသီးအလိုက် အရေးမကြီးတဲ့အပိုင်းဆိုတာ မရှိပါ ဘူး။ အလုပ်သမားတွေရဲ့ လုပ်အားခ ကတော့ ပျမ်းမျှ ငွေကျပ် ၃၅ဝဝ ဖြစ် ပါတယ်။     တာဝန်ယူမှုအလိုက် အနည်းငယ်ကွာဟချက်တော့ ရှိပါ တယ်။ ကျွန်တော်တို့ရပ်ကွက်မှာ စား သောက်ကုန်လုပ်ငန်းတွေ အများကြီး ဖြစ်ထွန်းလာပါတယ်။ နှမ်းလှော်ဖို တွေလည်း တိုးလာပါတယ်။ လုပ်ငန်း တွေအောင်မြင်ကြတော့   အလုပ် သမားတွေလည်း   အလုပ်မရှားကြ တော့ဘူးပေါ့''ဟု  နှမ်းလှော်ဖို  လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

နှမ်းလှော်လုပ်ငန်းသည်   နှမ်း တန်ဖိုးအရင်း၊ လုပ်အားခ၊ လောင်စာ၊ သယ်ယူစရိတ်  စုစုပေါင်းနှင့် နှမ်း လှော် ရောင်းချရရှိငွေအား ချိန်ထိုး ခြားနားကြည့်ပါက  အမြတ်အစွန်း ကောင်းသော  လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ ထုတ်ကုန်၊ ပို့ကုန် ကုန် ချောလုပ်ငန်းတစ်ခုအနေဖြင့် ဒေသ တွင်း စီးပွားရေးအခြေအနေကောင်း များရရှိခြင်းကြောင့်  လုပ်ငန်းစတင် ထူထောင်လိုသူများက လုပ်ငန်းခွင် များသို့ လာရောက်လေ့လာလျက်ရှိရာ လုပ်ငန်းများ ပိုမိုများပြားလာပါက အလုပ်အကိုင်၊   အခွင့်အလမ်းများ လည်း ပိုမိုရရှိလာမည်ဟု  ထင်မြင် ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အလုပ်ရုံတစ်ရုံတွင် ဒယ်အိုး လေး လုံး  အသုံးပြုလုပ်ငန်းကို   ဖိုတစ်ဖို အဖြစ်  သတ်မှတ်ကြပြီး  လုပ်ငန်း အသေး၊  အကြီးအလိုက်  ဖိုနှစ်ဖိုမှ ၁ဝ ဖိုအထိ ရှိတတ်သည်။ ဖို ၁ဝ ဖို လုပ်ငန်းသမားတစ်ဦး    အနေဖြင့် တစ်ရက်လျှင် နှမ်းတင်း ၁၅ဝ အထိ လှော်နိုင်ကြသည်။ လုပ်ငန်းသုံးစက် ပစ္စည်းအနေဖြင့်  မောင်း၊   လှော် ဒလက်၊  လှေ့စင်များကိုအသုံးပြုပြီး လောင်စာအတွက် ပဲခွံကို အသုံးပြု ကြသည်။ မကွေးမြို့ရှိ လှော်ဖိုကြီး များမှ  နှမ်းလှော်များကို   ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ကြပြီး ထိုမှတစ်ဆင့် တရုတ်နှင့် ကိုရီးယား ဈေးကွက်အထိ ကျယ်ပြန့်ရောက်ရှိကြ သည်။  

တင်ပို့ရသည့်  နိုင်ငံများ၏ အကြိုက်ကိုလိုက်၍  နှမ်းလှော်မှုန့် လုပ်ငန်းများလည်း   ပြည်တွင်း၌ လုပ်ကိုင်လျက်ရှိကြကြောင်း   သိရ သည်။               ဇေယျတု(မကွေး)
 
No comments:

Post a Comment