Saturday, January 31, 2015

စစ်သွေးကြွများက ပြင်းထန်စွာတိုက်ခိုက်ဆိုင်းနိုင်းတွင်

Photo: စစ်သွေးကြွများက ပြင်းထန်စွာတိုက်ခိုက်ဆိုင်းနိုင်းတွင်

ဆိုင်းနိုင်း  ဇန်နဝါရီ  ၃ဝ

အီဂျစ်နိုင်ငံမြောက်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်၌ အစ္စလာမ္မစ်စစ်သွေးကြွများက   အဆက်မပြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့၍  အနည်းဆုံးလူပေါင်း ၂၆ ဦး သေဆုံးသွားခဲ့သည်။

ဆိုင်းနိုင်းပြည်နယ်   အယ်လ်အာရစ်၌   စစ်ဘက်ယာဉ်တန်းကို ပစ်မှတ်ထားလျက်  ကားဗုံးနှင့်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

ဂါဇာမြို့အနီး ဇူဝါရစ်နှင့်ရာဖာ မြို့တို့၌လည်း  တိုက်ပွဲများဖြစ်ပွားခဲ့သည်။ယင်းတိုက်ခိုက်မှုများအပေါ် အမေရိကန်အနေဖြင့်  စိုးရိမ်မိကြောင်း၊အီဂျစ်အစိုးရ၏ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အန်ဆာဘိအယ်လ်မက်ဒစ်စစ်သွေးကြွအုပ်စုက  ၎င်းတို့အနေဖြင့် အိုင်အက်စ်တို့နှင့်ပူးပေါင်းကာ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါ   အကြမ်းဖက်အုပ်စု သည် ၂ဝ၁၃ခုနှစ်က အစ္စလာမ္မစ်ဝါဒီသမ္မတ မိုဟာမက်မော်စီဖြုတ်ချခံရပြီး ကတည်းက အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည်။ကြာသပတေးနေ့က တိုက်ခိုက်မှုများသည်  အီဂျစ်နိုင်ငံ၌လအနည်းငယ်အတွင်း အဆိုးရွားဆုံးအစိုးရဆန့်ကျင်မှု တိုက်ခိုက်မှုဖြစ်သည်။

ယခုသီတင်းပတ်အတွင်း အီဂျစ် နိုင်ငံအတွင်း ၂ဝ၁၁ ခုနှစ်က သမ္မတဟို့စ်နီမူ ဘာရက်အားဖြုတ်ချသည့်   နှစ်ပတ်လည်ဆန္ဒပြမှုမှ စတင်ကာတင်းမာမှုများ မြင့်တက်လျက်ရှိသည်။ စစ်ဘက်လုံခြုံရေးဂိတ်ကို ကားဗုံးဖြင့် မတိုက်မီရဲစခန်းများ၊စစ်အခြေစိုက် စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူများ ကပြောသည်။         
    
(ဘီဘီစီ)
 
No comments:

Post a Comment