Saturday, January 31, 2015

လောင်စာတင်ယာဉ်ပေါက်ကွဲမှု မက္ကဆီကိုသားဖွားမီးယပ်ဆေးရုံထိခိုက် အပျက်အစီးများကြား ကလေးငယ်များကိုအသက်ရှင်လျက်တွေ့ရှိ

Photo: လောင်စာတင်ယာဉ်ပေါက်ကွဲမှု မက္ကဆီကိုသားဖွားမီးယပ်ဆေးရုံထိခိုက် အပျက်အစီးများကြား ကလေးငယ်များကိုအသက်ရှင်လျက်တွေ့ရှိ

မက္ကဆီကို  ဇန်နဝါရီ  ၃ဝ

မက္ကဆီကိုမြို့  အနောက်ဘက် ယွန်းယွန်းတွင် ဇန်နဝါရီ ၂၉ ရက်က လောင်စာတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားပြီး   သားဖွားမီးယပ်ဆေးရုံ ကိုထိခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ   ဒဏ်ရာရရှိခဲ့ကြကြောင်း၊ အပျက်အစီးများကြားတွင် အသက်ရှင်လျက်ရှိသည့် ကလေးငယ်များစွာတွေ့ရကြောင်း  အာဏာပိုင်များက ပြောခဲ့သည်။

ပေါက်ကွဲမှု    ဖြစ်ပွားပြီးနောက် သူနာပြုတစ်ဦးနှင့် ကလေးတစ်ဦးသေဆုံးခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဆေးရုံသည် ၇ဝ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့ကြောင်း မက္ကဆီကိုမြို့တော်ဝန်ကပြောခဲ့သည်။

အခြားကလေးတစ်ဦးလည်း သေ ဆုံးခဲ့ကာလူပေါင်း ၇ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီကိုကျန်းမာရေးဝန်ကြီးက အမျိုးသားရုပ်သံသို့ ပြောကြားခဲ့သည်။ 
  
အပျက်အစီးများကြားတွင် ကလေးငယ်အတော်များများကို  တွေ့ခဲ့သည်။ ကယ်ဆယ်ရေးဝန်ထမ်းများသည် ကလေးငယ်များအသက်ရှင်ရန်   ကွန်ကရစ်များကို  တူးဆွကာ ကယ်ဆယ်ခဲ့ရသည်။

အခင်းဖြစ်ပွားရာနေ့ အစောပိုင်းက မိသားစုအခြေအနေနှင့်ပတ်သက်၍ သတင်းရယူလိုသူများသည် ရဲတပ်ဖွဲ့ဝင်များ၏ တားမြစ်ဧရိယာအနီးတွင် စုရုံးရောက်ရှိနေကြသည်။ဒဏ်ရာ ရသူအချို့ကို   ရဟတ်ယာဉ်များနှင့် ပြောင်းရွှေ့ခဲ့ကြသည်။ ဝေဟင်မှရိုက်ထားသော တီဗွီကမီးသတ်သမားများသည် ပျက်စီးအဆောက်အအုံပေါ်တွင်   ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပုံကိုပြသခဲ့သည်။

မိမိညီမနှင့်ပတ်သက်ပြီး အလွန်စိတ်ပူကြောင်း၊  ၎င်းသည်မွေးဖွား တော့မည်ဖြစ်ကြောင်း၊ ၎င်းကိုမနေ့က ဆေးရုံတင်ခဲ့ကြောင်း၊  ၎င်းဘယ်လို အခြေအနေရှိသလဲဆိုသည်ကို သိချင်ကြောင်း   စသည်ဖြင့်  အသက် ၃၂ နှစ်အရွယ်ရှိ      သူနာပြုတစ်ဦးကပြောကြားသည်။

အရေးပေါ် လူနာတင်ယာဉ်များသည် အသက်ရှင်ကျန်ရစ်သူများကို ပြုစုရန် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ကြသည်။ ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ဆေးရုံထဲ၌ လူပေါင်း ၁ဝဝ  နီးပါးရှိကြောင်း   မြို့တော်အရာရှိတစ်ဦးကပြောခဲ့သည်။

လောင်စာတင်ယာဉ်မှ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပြီး ၎င်းဓာတ်ငွေ့ယိုစိမ့်မှုသည် ဆေးရုံ၏လောင်စာသိုလှောင်ကန်သို့ကူးစက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ယုံကြည်ကြောင်း အရာရှိများကပြောခဲ့သည်။       

(ရိုက်တာ)
 
No comments:

Post a Comment