Saturday, January 31, 2015

မန္တလေးမြို့ပန်းဈေးကွက် အရောင်းအ၀ယ်မခက်စေချင်

Photo: မန္တလေးမြို့ပန်းဈေးကွက် အရောင်းအ၀ယ်မခက်စေချင်
====================================

မန္တလေးမြို့ ပန်းဈေးကွက်တွင် ဆောင်းရာသီတွင်သာ ထွက်ရှိသည့် မေမြို့ပန်းများရာသီဥတုဖောက်ပြန်မှု ကြောင့် အထွက်နည်းသဖြင့် ဈေးကောင်း ရရှိကြောင်း မန္တလေးမြို့  အောင်မြေ သာစံမြို့နယ် ၂၆ ဘီလမ်းရှိ သီရိ မာလာဈေးရှိပန်းဒိုင်များမှ သိရသည်။

''ကျွန်မက   ဒီပန်းရောင်းပြီး အသက်မွေးလာတာနှစ် ၂ဝ ကျော်ပါ ပြီ။ ဒီရာသီမှာ ထွက်ရှိတတ်တဲ့  မေမြို့ ပန်းတွေကတော့ ဒီနှစ်ရာသီဥတု ဆိုးရွားမှုကြောင့် ပျိုးပင်တွေသေပြီး ပန်းအထွက်နည်းပေမယ့်    ဈေး ကောင်းရလို့ တောင်သူတွေ အဆင် ပြေကြတယ်။   ဒီမေမြို့ပန်းရာသီ ကတော့    တန်ဆောင်မုန်းကနေ  တပေါင်းလအထိ  ထွက်ရှိပါတယ်။ ဒီဈေးကိုနေ့စဉ် နံနက် ၁ဝ နာရီမှာ ပန်းကားတွေရောက်လာပြီး ကျွန်မတို့ ပန်းဒိုင်တွေကတစ်ဆင့်  မန္တလေး အနီးအနားကမြို့တွေဖြစ်တဲ့ မတ္တရာ၊ ကျောက်ဆည်၊ စစ်ကိုင်း၊ မိတ္ထီလာ စတဲ့ မြို့တွေကိုဈေးနှုန်း ၁ဝ နဲ့ ၂ဝ ကျပ်လောက်ပဲတင်ပြီး   တစ်ဆင့်လက် ကား ဖြန့်ဖြူးပေးပါတယ်။ လက်လီ အနေနဲ့ကတော့ မန္တလေးမြို့တွင်းကို ညနေ ၄ နာရီကနေ ည ၉ နာရီ အထိ ရောင်းချပေးပါတယ်။ လက်ကျန်ပန်း တွေကိုတော့ နံနက်ဈေးဖြစ်တဲ့  လမ်း ၃ဝ စင်္ကြာသီဟဘုရားအနီး  ထုံးဘူး တန်းပန်းဈေးမှာ နံနက် ၄ နာရီကနေ ၇ နာရီလောက်အထိ ခေါင်းရွက် ဗျပ်ထိုးဈေးသည်တွေကို  ရောင်းချ ပေးပါတယ်။ ကျွန်မတို့ ပန်းနဲ့ အသက် မွေးသူအားလုံး ဒီလုပ်ငန်းနဲ့အဆင် ပြေကြပါတယ်။ သီရိမာလာဈေးကြီး ဟာ နံနက်ပိုင်း လက်ကားဖြန့်ချိတဲ့ နေရာမှာအဆင်ပြေပေမယ့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးပြီးရောင်းချသူတွေနဲ့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ အတွက်တော့ လမ်း ၃ဝ ထုံးဘူးတန်း ဈေးက  အဆင်ပြေပါတယ်'' ဟု ပန်းဒိုင်မှ ဒေါ်ညိုခိုင်က ပြောသည်။

''သီရိမာလာဈေးက  မန္တလေး မြို့ရဲ့   ပန်းဈေးကွက်မှာ အကြီးဆုံး ဈေးကြီးပါပဲ။   လက်ကားအနေနဲ့ ကတော့ ဒီဈေးကိုအားကိုးနိုင်ပေမယ့် ခေါင်းရွက်ဗျပ်ထိုး   ဈေးသည်တွေ အတွက်ကတော့ စင်္ကြာသီဟ ဘုရား အနီးက ပန်းတန်းမှာပဲ  အဝယ်များ ကြပါတယ်။ ဒီဈေးက  ပန်းဒိုင်တွေ အတွက်  လက်ကျန်ပန်းတွေ  ရောင်း ချဖို့၊  တချို့ဆိုင်မရှိသေးတဲ့  ပန်း ပွဲစားတွေနဲ့   တစ်ပိုင်တစ်နိုင်စိုက် ပျိုးပြီး  ဆိုင်ကယ်တွေနဲ့  လာရောင်း ချသူတွေအတွက်    အဆင်ပြေတဲ့ နေရာလေးပါ။  ဒါပေမယ့်  အဲဒီ နေရာကိုရောင်းခွင့်မပေးဘဲ  အဖမ်း အဆီးတွေရှိပါတယ်။ ဖမ်းမိရင်လည်း ဒဏ်ကြေးက  ငွေကျပ်   ၃ဝဝဝဝ ဆောင်ရပါတယ်။ ဒါကြောင့် ရောင်းချ သူတွေမှာ ကျီးလန့်စာစားနဲ့ ရောင်းချ နေရပြီး တစ်ခါတလေ ရောင်းတုန်း ဝယ်တုန်းမှာ  ထွက်ပြေးရတဲ့ အနေ အထားတွေလည်း   ရင်ဆိုင်နေရပါ တယ်။  ဒါကြောင့်   ဒီနေရာလေးကို အေးအေးချမ်းချမ်းနဲ့   နံနက် ၄ နာရီ ကနေ  ၇ နာရီအထိပဲ ရောင်းခွင့်ပေး စေချင်ပါတယ်။ ဒါမှလည်း ရောင်းသူ ဝယ်သူ အဆင်ပြေသွားမှာ  ဖြစ်ပါ တယ်''ဟု  ပန်းရောင်းချသူ မသက်က ပြောသည်။

လက်ရှိရောင်းချနေသည့် ပန်း ဈေးနှုန်းများအနေဖြင့်   မေမြို့ပန်း တစ်စည်းလျှင်  ငွေကျပ်  ၁၅ဝ၊ သစ္စာ ပန်းတစ်စည်းလျှင်  ငွေကျပ် ၃၅ဝ၊  ဂန္ဓမာပန်းတစ်စည်းလျှင်  ငွေကျပ်  ၄ဝဝ မှ ၅ဝဝ ၊ ကာနေးရှင်းတစ်စည်း လျှင်   ငွေကျပ် ၂၅ဝဝ မှ ၃ဝဝဝ၊ ပဲဟော့ပန်းတစ်စည်းလျှင်  ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့်  ဖောက်သည်ဈေး  ရောင်းချပေးလျက်ရှိသည်။

အဆိုပါ မေမြို့ပန်းများကို မြင်းမူ တစ်ဖက်ကမ်းရှိ   ငါန်းဇွန်မြို့နယ် များဖြစ်သော ရွာသစ်၊  ကုလားရွာ၊ ဆင်တပ်ရွာ၊   ဘေးသောင်ရွာတို့မှ အများဆုံးထွက်ရှိပြီး   ပုသိမ်ကြီး မြို့နယ် ကျောက်မီးရွာအနီးမှ ထွက် ရှိသော ဂန္ဓမာပန်းများကို ၄င်းရွာ အနီးရှိ သလဲကုန်းဈေးတွင် အများဆုံး ရောင်းချလျက်ရှိသည်။  ယခုအခါ တရုတ်နိုင်ငံမှ ထွက်ရှိသော  ကာနေး ရှင်းပန်း၊    ပဲဟော့ပန်း၊  ကျူးလစ်ပန်း၊  ဒေစီပန်း၊  ပိုက်စွပ်နှင်းဆီ၊  ပန်းဂေါ်ဖီ၊  နှင်းချယ်ရီနှင့် သစ်ခွပန်းများကိုလည်း   မန္တလေးဈေးကွက်သို့ ကုမ္ပဏီဖွင့် လှစ်တင်ပို့လျက်ရှိပြီး ယခုရာသီတွင် ပေါ်သည့်     ကာနေးရှင်းပန်းနှင့်   ပဲဟော့ပန်းများ   အရောင်းသွက် လျက်ရှိကြောင်း သိရသည်။  

 မင်းထက်အောင်(မန်းကိုယ်ပွား)
 
No comments:

Post a Comment