Saturday, January 31, 2015

၎ဝ မမ ဗုံးသီးဟောင်းအား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား ကလေးနှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

 Photo: ၄ဝ မမ ဗုံးသီးဟောင်းအား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား
ကလေးနှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

ကော့ကရိတ်  ဇန်နဝါရီ  ၃ဝ

ကရင်ပြည်နယ်  ကော့ကရိတ် မြို့နယ်၌ ဇန်နဝါရီ ၃ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲက အံကလော်ရွာဘုန်းကြီး ကျောင်း၏ မြောက်ဘက်ကိုက် ၁ဝဝ ခန့် မြောင်းကူးတံတားအောက်တွင် ၄ဝ မမ ဗုံးသီးဟောင်းတစ်လုံးအား ကုလား(ခ)စောအောင်မျိုးဝင်း(၈)နှစ် ရွာသစ်ကုန်းရွာ  တတန်ကူးအုပ်စု နေသူက တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်သဖြင့်  အနီးတွင်ရှိသူ စောအောင်မင်း(၁ဝ)နှစ် ရွာသစ်ကုန်း ရွာနေသူအား ဗုံးစထိမှန်ပြီး နဖူး ထိပ်ပေါက်ပြဲဒဏ်ရာ၊ ဝဲဒူးပေါက်ပြဲ ဒဏ်ရာတို့ဖြင့် ကော့ကရိတ်ဆေးရုံ အရောက် မွန်းလွဲ ၂ နာရီ ၅ မိနစ် တွင် သေဆုံးသွား၍ မြို့မရဲစခန်းမှူးက သေမှုသေခင်းဖြင့် အမှုဖွင့်ထားသည်။

အဆိုပါ ဗုံးသီးဟောင်းပေါက်ကွဲမှု တွင်  စောအောင်မျိုးဝင်း(၈)နှစ် ရွာသစ်ကုန်းရွာနေသူသည် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး ချစ်တူလေး(၈)နှစ် အံကလော်ရွာ နေသူတွင်  ခြေချင်းဝတ်ပေါက်ပြဲ ဒဏ်ရာ၊   ဖာဆိုကေးသူ   (၆)နှစ် ရွာသစ်ကုန်းရွာနေသူတွင် ညာဘက်ဖဝါး ပေါက်ပြဲဒဏ်ရာ၊ ဝဲပါးပေါက်ပြဲ ဒဏ်ရာ၊  ဝဲလက်မောင်းဖူးရောင်ဒဏ်ရာ၊    ထွန်းဝင်းဦး  (၆)နှစ် အံကလော်ရွာနေသူတွင်  ညာပါး ပေါက်ပြဲဒဏ်ရာတစ်ချက်၊   စောလား ဘွယ်(၈)နှစ် ရွာသစ်ကုန်းရွာနေသူတွင် ဝဲပေါင်ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေ သလုံး ပေါက်ပြဲဒဏ်ရာ၊ ဝဲဗိုက်ဘေး ပေါက်ပြဲဒဏ်ရာ၊  မင်းသီဟ (၈)နှစ် ရွာသစ်ကုန်းရွာနေသူတွင် ဗိုက်ပေါက် ပြဲဒဏ်ရာ၊  ညာဘက်ပခုံးပေါက်ပြဲ ဒဏ်ရာ၊ ညာပေါင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။  

စိုးထက်အောင်(ကော့ကရိတ်)
 
No comments:

Post a Comment