Thursday, January 29, 2015

ရီပိုလီဇိမ်ခံဟိုတယ် တိုက်ခိုက်ခံရ၊ ၁ဝ ဦးသေဆုံး


 


ထရီပိုလီ ဇန်နဝါရီ ၂၈

 လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ သံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များတည်းခိုသည့် ဇိမ်ခံဟိုတယ်တစ်လုံးကို သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ရာ အမေရိကန်တစ်ဦး၊ ပြင်သစ်တစ်ဦးနှင့် အာရှတိုက်သားသုံးဦးအပါအဝင် ၁ဝ ဦးသေဆုံးခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ပင်လယ်ကမ်းခြေရှိ ကိုရင်သီယာ ဟိုတယ်၏အပြင် ဘက် ကားရပ်နားရန်နေရာ၌ ကားဗုံးခွဲခြင်းအပါအဝင် တိုက်ခိုက်မှုများကို တစ်နာရီကြာခုခံရာတွင် တိုက်ခိုက်သူ နှစ်ဦးနှင့် အစောင့်တပ်သားအဖွဲ့ဝင်ငါးဦး သေဆုံးခဲ့သည်။

လူမှုရေးမီဒီယာနှင့် တွစ်တာမှသတင်းများက အဆိုပါတိုက်ခိုက်မှု၏နောက်ကွယ်တွင် အိုင်အက်စ် အုပ်စု၏ ထရီပိုလီအဖွဲ့ခွဲတစ်ခုတို့ ပတ်သက်နေကြောင်း ဖော်ပြထားရှိသည်။

သေဆုံးသူသေနတ်သမားနှစ်ဦးသည် အိုင်အက်စ်အုပ်စုကိုထောက်ခံသူများဖြစ်ကြောင်း၊ ¤င်းဟိုတယ်တွင် သံတမန်အဖွဲ့များနှင့် လုံခြုံရေးကုမ္ပဏီတာဝန်ရှိသူများ တည်းခိုသည့်အတွက် ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် စစ်သွေးကြွအဖွဲ့များအား လေ့လာသော အက်စ်အိုင်တီအီထောက်လှမ်းရေးအုပ်စုက ပြောသည်။

အေပီ။

No comments:

Post a Comment