Saturday, January 31, 2015

ချယ်လ်ဆီးကွင်းလယ်လူ ရှာရယ်လ်အားခေါ်ယူရန် ဂျာမန်ကလပ်များ စိတ်ဝင်စားနေ

Photo: ချယ်လ်ဆီးကွင်းလယ်လူ ရှာရယ်လ်အားခေါ်ယူရန် ဂျာမန်ကလပ်များ စိတ်ဝင်စားနေ

အင်္ဂလန်ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီး အသင်း၏ ကွင်းလယ်ကစားသမားဖြစ်သူ  အန်ဒရေရှာရယ်လ်အား ဂျာမန်ဘွန်ဒက်လီဂါ ကလပ်အသင်းများဖြစ်ကြသည့်   ဒေါ့မွန်၊ ဝုလ်ဘတ်အသင်းများက ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းသိရသည်။ ရှာရယ်လ်မှာ ယခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းသို့ ဖီအိုရင်တီးနား ကွင်းလယ်လူ ကွာဒရာဒိုရောက်ရှိရန် နီးစပ်နေခြင်းကြောင့် အနာဂတ်ဆက်လက်သေချာဖွယ် မရှိတော့သလို အသင်း၏ ရောင်းထုတ်မည့် ကစားသမားစာရင်း၌ ထိပ်ဆုံးနေရာတွင် ရှိနေခြင်းဖြစ်သည်။

ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုမှာ ကွာဒရာ ဒိုအားခေါ်ယူရာတွင် ၎င်းအားအလိုက်ပေး လဲလှယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဖီအိုရင် တီးနားအသင်းအနေဖြင့် ရှာရယ်လ်၏မြင့်မား သည့် လုပ်ခလစာငွေကို ပေးချေရန် ဆန္ဒမရှိ သောကြောင့် ယခုကဲ့သို့ ဂျာမန်ကလပ်များက အပြိုင်စောင့်ကြည့်လာခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းအနေဖြင့်  ရှာရာယ်လ် အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၂ဝ ဝန်းကျင်ခန့်ရရှိရန်   အလိုရှိနေပြီး ဒေါ့မွန် အသင်းမှာ  ၎င်းအားခေါ်ယူရန်ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။ 

   (ကိုရဲ)
 
No comments:

Post a Comment