Saturday, January 31, 2015

စတီဗင်ဂျာရတ် လီဗာပူးအသင်းနည်းပြဖြစ်လာမည်ဟု စတားရစ်ခ်ျပြောကြား

Photo: စတီဗင်ဂျာရတ် လီဗာပူးအသင်းနည်းပြဖြစ်လာမည်ဟု စတားရစ်ခ်ျပြောကြား

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျာရတ်သည် ယခုနှစ် ပရီမီယာလိဂ် ရာသီကုန်ဆုံးပါက မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းသို့ ပြောင်းရွှေ့ကစား မည်ဖြစ်သော်လည်း အနာဂတ်၏ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်  လီဗာပူးအသင်းသို့ နည်းပြ နေရာဖြင့် ပြန်လည်ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း လီဗာပူးအသင်းကစားဖော် ဒန်နီယယ် စတားရစ်ခ်ျက ထုတ်ဖော်ပြောကြားလိုက်သည်။

လီဗာပူးကွင်းလယ်ကစားသမား စတီဗင်ဂျာရတ်သည် အသင်းနှင့် စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုနိုင်မည့် အခွင့်အရေးတစ်ရပ်ဆုံးရှုံးခဲ့ပြီးနောက် လက်ရှိစာချုပ်သက်တမ်း ကုန်ပါက အယ်လ်အေဂလက်ဆီအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ငွေကြယ်
 
No comments:

Post a Comment