Friday, January 2, 2015

အာဖဂန် မင်္ဂလာပွဲ ဒုံးကျည်ကျဆင်း ၂၆ ဦးသေ၊ ၄ဝ ကျော်ဒဏ်ရာရ

Photo: အာဖဂန် မင်္ဂလာပွဲ ဒုံးကျည်ကျဆင်း
၂၆ ဦးသေ၊ ၄ဝ ကျော်ဒဏ်ရာရ

ကဘူး    ဇန်နဝါရီ     ၁ 

အာဖဂန်နစ္စတန်နိုင်ငံတွင် လက်ထပ်မင်္ဂလာအခမ်းအနားတစ်ခုကျင်းပစဉ် ဒုံးကျည်တစ်စင်း ကျရောက်ခဲ့သဖြင့် လူပေါင်း ၂၆ ဦး သေဆုံးခဲ့ပြီး  အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း      ယနေ့ ဘီဘီစီတွင် ဖော်ပြထားသည်။ 

အာဖဂန်နစ္စတန်နိုင်ငံ ဟေမန် စီရင်စုတောင်ပိုင်းတွင်လက်ထပ် မင်္ဂလာအခမ်းအနားကျင်းပနေသည့် နေရာသို့ တာလီဘန်စစ်သွေးကြွများ နှင့်အာဖဂန်စစ်သားများ  အပြန်အလှန်ပစ်ခတ်မှုကြောင့် ဒုံးကျည် တစ်စင်းကျရောက်ခဲ့ခြင်းဖြစ်သည်။ 

ထိခိုက်ဒဏ်ရာရရှိသူ ၄ဝ ကျော် အနက် အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြသည်။ 

ဧည့်သည်တော်များက သတို့သမီးအား ကြိုဆိုရန် အိမ်အပြင်ဘက်ထွက်ပြီး မျှော်လင့်စောင့်စားနေစဉ် အဆိုပါဒုံးကျည်တစ်စင်း ကျဆင်းလာ ခြင်းဖြစ်ကြောင်းအခမ်းအနား ကျင်းပသည့် အိမ်ပိုင်ရှင်ကဆိုသည်။ ဒဏ်ရာရသူများကို လက်ခ်ျကာဂါ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။  

အဆိုပါ ဒုံးကျည်ကျဆင်းမှုသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ ဆုတ်ခွာ သွားသော်လည်း တိုက်ပွဲများရှိနေ သေးသည်ကို မီးမောင်းထိုးပြခြင်းဖြစ် သည်။ 

လွန်ခဲ့သောတနင်္ဂနွေနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံမှ နေတိုးတပ်ဖွဲ့များ  ပြန်လည်ဆုတ်ခွာခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့များက နိုင်ငံ၏လုံခြုံရေးကို အပြည့်အဝ တာဝန်ယူထားသည့် အာဖဂန်နစ္စတန် စစ်တပ်ကို စစ်ရေးလေ့ကျင့်ပေးခြင်းများနှင့်အထောက်အပံ့ပေးခြင်းများကို အဓိကလုပ်ဆောင်ပေးမည်ဖြစ် သည်။ ၂ဝဝ၁ ခုနှစ်  စက်တင်ဘာ ၁၁ ရက်တွင် စစ်သွေးကြွများက အမေရိကန်နိုင်ငံ  နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနကို လေယာဉ်ဖြင့်စတင်တိုက်ခိုက် ခဲ့သည့်အချိန်မှစပြီးနေတိုး တပ်ဖွဲ့သည် အာဖဂန်နစ္စ္စတန်နိုင်ငံတွင် စတင်တပ်ဖြန့်ထားခဲ့ခြင်းဖြစ်သည်။

၂ဝဝ၁ခုနှစ်မှစပြီး ၂ဝ၁၄ခုနှစ်အထိ အာဖဂန်နစ္စတန်နိုင်ငံတွင် လူအသေ အပျောက်နှင့် အထိအခိုက်အများဆုံး ကာလဖြစ်သည်။ တာလီဘန်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းရာတွင် အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၆ဝဝ ကျော်သေဆုံးခဲ့သည်။ နေတိုး တပ်ဖွဲ့စတင်တပ်ဖြန့်သည့် အချိန်မှ စပြီး   နိုင်ငံခြားတပ်ဖွဲ့ဝင်  ၃၅ဝဝ နီးပါးသေဆုံးခဲ့ကြောင်း သိရသည်။

ဘီဘီစီ။

No comments:

Post a Comment