Friday, January 2, 2015

ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးသူများ သက်သေခံပစ္စည်းနှင့်အတူ သိမ်းဆည်းရမိ

Photo: ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးသူများ
သက်သေခံပစ္စည်းနှင့်အတူ သိမ်းဆည်းရမိ
=========================

ပခုက္ကူ    ဇန်နဝါရီ    ၁

မကွေးတိုင်းဒေသကြီး  ငါးလုပ်ငန်း ဦးစီးဌာန၏ စီမံချက်နှင့်အညီ ငါးသယံဇာတထိန်းသိမ်းရေးနှင့် ငါး မျိုးစိတ်များ တိုးပွားရေး၊ တရားမဝင် ငါးဖမ်းဆီးမှုများ  ပပျောက်ရေးတို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲက ပခုက္ကူမြို့နယ် ကွန်းရွာအင်း အတွင်း တရားမဝင် ဘက်ထရီ ရှော့တိုက်ငါးဖမ်းနေသူ နှစ်ဦးနှင့် အတူ ၁၈ တောင် အင်ဂျင်ရှပ်တန်းပါ စက်လှေတစ်စင်း၊ ၁၂ ဗို့ဘက်ထရီအိုး နှစ်လုံး၊ ငါးဖမ်းကော် တစ်ခု၊ ရှော့တိုင် နှစ်ချောင်း၊ ဟန်းဆက် တစ်လုံး၊ ဓား၊ လေးခွ၊ လောက်စာလုံး၊ မူလီပြတ်နှင့် ငါးမျိုးစုံ သုံးပိဿာကျော် ခန့်တို့အား   ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကျော် စန်းဝင်းနှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ငါးသယံဇာတထိန်းသိမ်းရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က ဖမ်းဆီးရမိသဖြင့် ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ (၄၅)အရ   တရားစွဲဆို ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။     

အောင်(မန်းတက္ကသိုလ်)

No comments:

Post a Comment