Monday, December 1, 2014

အရှေ့တောင်အာရှလူငယ်များ လိုက်ပါစီးနင်းလာသည့် Nippon Maru ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာ

Photo: အရှေ့တောင်အာရှလူငယ်များ လိုက်ပါစီးနင်းလာသည့် Nippon Maru ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာ

ရန်ကုန်    နိုဝင်ဘာ    ၃ဝ

အရှေ့တောင်အာရှလူငယ်များ လိုက်ပါစီးနင်းလာသည့် Nippon Maru  ရန်ကုန် ဆိပ်ကမ်းမှ အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် ထွက်ခွာသွားသည်။

အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက အကများဖြင့် ညနေပိုင်းတွင်  နှုတ်ဆက် ဖျော်ဖြေကြပြီး အိမ်ရှင်အဖြစ် ဧည့်ခံကြသည့် Homestay  အိမ်ရှင်များကလည်း သင်္ဘောပေါ်ထိ တက်ရောက်လိုက်လံပို့သပြီး  နှုတ်ဆက်ကြသည်။

ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ အင်ဒိုနီးရှား နိုင်ငံတွင်  လူငယ်များလည်ပတ်ကြမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ဒီဇင်ဘာ ၁၈ ရက်တွင်  မိမိနိုင်ငံ အသီးသီးသို့ ပြန်ကြမည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၆ ရက်ထိ၊ ဘရူနိုင်းနိုင်ငံတွင်  ၁၉ ရက်မှ ၂၃ ရက်ထိ လည်ပတ်ခဲ့ကြောင်း သိရသည်။  (သန့်ဇင်ဝင်း)

No comments:

Post a Comment