Monday, December 1, 2014

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အာဆီယံနိုင်ငံများမှကြည်းတပ်ဦးစီးချုပ်များနှင့်အတူ Fine Art Centre နှင့် Ha Long ပင်လယ်အော်လေ့လာ

Photo: ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အာဆီယံနိုင်ငံများမှကြည်းတပ်ဦးစီးချုပ်များနှင့်အတူ Fine Art Centre နှင့် Ha Long ပင်လယ်အော်လေ့လာ

နေပြည်တော် နိုဝင်ဘာ ၃ဝ

ဗီယက်နမ်နိုင်ငံသို့  ရောက်ရှိ နေသော    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည်  အာဆီယံနိုင်ငံ များမှ ကြည်းတပ်ဦးစီးချုပ်များနှင့် အတူ   နိုဝင်ဘာလ  ၂၇  ရက် ဒေသစံတော်ချိန်  နံနက် ၇ နာရီခွဲ တွင် Hoang Tan Hong Ngoc မြို့ရှိ Fine Art Centre နှင့် Ha Long ပင်လယ်အော်သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။ 

ရှေးဦးစွာ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် အမှတ်Hai Duong  ပြည်နယ်၊Hoang Tan Hong Ngoc  ရှိ Fine Art Centre သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင်ရောက်ရှိရာ တာဝန် ရှိသူများကFine Art Centre နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် Fine Art Centre  အတွင်း ကြည့်ရှုလေ့လာရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသ သည်။
ဆက်လက်၍     ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး  ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့် အာဆီယံနိုင်ငံများမှ   ကြည်းတပ် ဦးစီးချုပ်များသည် Ha  Long ဆိပ်ကမ်းသို့ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၃၅ မိနစ် တွင်ရောက်ရှိပြီး သင်္ဘောဖြင့် Ha  Long  ပင်လယ် အော်သို့ထွက်ခွာပြီး    ပင်လယ် အော်နှင့် United    Nations  Educational , Scientific and Cultural     Organization (UNESCO) မှ   အသိအမှတ်ပြု ထားသော ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင်Thien Cung  လိုဏ်ဂူတို့အား  ကြည့်ရှုလေ့လာ ခဲ့ပြီး ခေတ္တတည်းခိုရာHa Long City ရှိSaigon Ha Long ဟိုတယ် သို့ဒေသစံတော်ချိန် ညနေ ၃ နာရီ တွင်ရောက်ရှိခဲ့သည်။

ယင်းနောက်ဒေသစံတော်ချိန် ညနေ  ၆  နာရီခွဲတွင်  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်  (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် တို့သည်Saigon Ha Long ဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်သော   ဗီယက်နမ် ပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီး ချုပ် Lt. Gen.Nguyen Quoc  Khanh  နှင့်ဇနီးတို့က   တည်ခင်း ဧည့်ခံသော  ညစာစားပွဲသို့ 15th ASEAN  Chiefs  of  Army Multilateral       Meeting (ACAMM-15)  အစည်းအဝေးကို တက်ရောက်လာသော  အာဆီယံ နိုင်ငံများမှ  ကြည်းတပ်ဦးစီးချုပ် များနှင့်ဇနီးများ၊   ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ တက်ရောက် ၍ ညစာကိုအတူတကွ  သုံးဆောင် ကြသည်။

ညစာမသုံးဆောင်မီနှင့်  သုံး ဆောင်နေစဉ်အတွင်း ဗီယက်နမ် ရိုးရာ တေးဂီတအဖွဲ့က တေးသီချင်း များဖြင့်   ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။         

(မြဝတီ)

No comments:

Post a Comment