Monday, December 1, 2014

ရွှေဆံတော် စေတီတော်မြတ်ကြီး အလှူတော်ငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုပွဲကျင်းပမည်

Photo: ရွှေဆံတော် စေတီတော်မြတ်ကြီး အလှူတော်ငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုပွဲကျင်းပမည်

ပြည်  နိုဝင်ဘာ  ၃ဝ

ပြည်မြို့   လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့သည်  သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူလျက် တောင်တော်ကြံ့ခိုင်ရန် ဆောင်ရွက်ခြင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်း၊    ဓမ္မာရုံတည်ဆောက်ခြင်း လုပ်ငန်းကြီးသုံးရပ်ကို  ဆောင်ရွက်လျက်ရှိရာ  ထိုလုပ်ငန်းကြီးသုံးရပ် ပြီးစီးအထမြောက်အောင်မြင်စေရန် စေတနာရှင်များသည်  သဒ္ဓါထက်သန်စွာ  ပေးလှူလျက်ရှိကြသည်။

ဂေါပကအဖွဲ့သည် စေတနာရှင်များ၏ သဒ္ဓါထက်သန်စွာ ပေးလှူမှုကို ဂုဏ်ပြုသောအားဖြင့်   (တတိယအကြိမ်)  အလှူတော်ငွေပေးအပ်ပွဲနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ၁၃၇၆ ခုနှစ် နတ်တော်လပြည့်ကျော် ၈ ရက် (၁၄-၁၂-၂ဝ၁၄) ရက် တနင်္ဂနွေနေ့  နံနက် ၈ နာရီတွင်   စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ   မြတ်စွယ်တော်တိုက်တွင်  ကျင်းပမည်ဖြစ်ရာ ရပ်ဝေး/ရပ်နီးစေတနာရှင်များအား   ဖိတ်ကြားထားကြောင်းသိရသည်။     

မြင့်နိုင်(ပြည်)

No comments:

Post a Comment