Monday, December 1, 2014

အတိုက်အခံပါတီတွင်း ရွေးကောက်ပွဲ သမ္မတဟောင်း ဆာကိုဇီအနိုင်ရ

Photo: အတိုက်အခံပါတီတွင်း ရွေးကောက်ပွဲ သမ္မတဟောင်း ဆာကိုဇီအနိုင်ရ

ပါရီ   နိုဝင်ဘာ   ၃ဝ

ပြင်သစ်သမ္မတဟောင်း  နီကိုလတ်ဆာကိုဇီအား  ယူအမ်ပီပါတီ  အတိုက်အခံအကြီးအကဲအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်ရာ လာမည့်သမ္မတရွေးကောက်ပွဲတွင် သမ္မတပြန်ဖြစ်ရန် လမ်းစကို စတင်လိုက်ပြီဖြစ်သည်။

မစ္စတာဆာကိုဇီသည် အနီးဆုံးပြိုင်ဘက် ဘရူနိုလီမိုင်ရေးကို ကျော်ဖြတ်ကာ ၆၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပါတီတွင်းရွေးကောက်ပွဲတွင်  အနိုင်ရရှိသွားခြင်းဖြစ်သည်။  ဆာကိုဇီသမ္မတအဖြစ်   ပြန်လည်အရွေးခံရရန်   ၇ဝ ရာခိုင်နှုန်း မျှော်လင့်ထားသည်ဟု ဆိုသည်။

ယူအမ်ပီပါတီသည် လက်ရှိသမ္မတ ဖရန်ဆွာဟော်လန်ကို အနိုင်ရရှိရန် လာမည့်ရွေးကောက်ပွဲတွင် ကြိုးပမ်းသွားဖွယ်ရှိသည်။ အသက် ၅၉ နှစ်ရှိ မစ္စတာဆာကိုဇီသည် ၂ဝဝ၄ ခုနှစ် ပါတီရွေးကောက်ပွဲ၌ ၈၅ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သူသည် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ပြင်သစ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

သို့သော် မစ္စတာဟော်လန်ကို ရှုံးနိမ့်ပြီးနောက် လက်ဝဲနိုင်ငံရေးသမားအဖြစ်သာရှိနေခဲ့သည်။ ပါတီအဖွဲ့ဝင် ၁၅ဝဝဝဝက ပါတီတွင်းမဲပေးရွေးချယ်ခဲ့ရာ မစ္စတာဆာကိုဇီသည် မဲအများဆုံးဖြင့်အနိုင်ရခဲ့သည်။ ပြိုင်ဘက် စိုက်ပျိုးရေးဝန်ကြီးဟောင်းလီမိုင်ရေးက ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ လွှတ်တော်အမတ်ဟာဗေးမာရီတန်က ၆ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်။ ယူအမ်ပီပါတီက ၂ဝ၁၇ သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းကို နှစ်နှစ်အတွင်းရွေးချယ်သွားမည်ဟု ဆိုသည်။     

(ဘီဘီစီ)

No comments:

Post a Comment