Tuesday, December 2, 2014

တံတားပြင်ရန် ဖောင်ဒေးရှင်းတူးရာမှ လက်နက်ကြီးကျည်ဆန်များတွေ့ရှိ

 
 
 Photo: တံတားပြင်ရန် ဖောင်ဒေးရှင်းတူးရာမှ လက်နက်ကြီးကျည်ဆန်များတွေ့ရှိ
==========================

လွိုင်လင်  ဒီဇင်ဘာ  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင် မြို့မှ ပင်လုံအထွက် မြောင်းကူးတံတား ပြုပြင်ရန် နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခန့်တွင်  ဆောက်လုပ်ရေး ဝန်ကြီးဌာန  စီမံကိန်းအထူးအဖွဲ့(၅)မှ ဖောင်ဒေးရှင်းတူးစဉ် မြေအနက် သုံးပေခန့်တွင် စစ်လက်ကျန် လက်နက် ကြီးကျည်ဆန်များ   တွေ့ရှိကြောင်း သိရသည်။ 

အဆိုပါလက်နက်ကြီးကျည်ဆန် တွေ့ရှိရာသို့ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူး ခင်အောင်နှင့်  တာဝန်ရှိသူ များ၊ လွိုင်လင်တပ်နယ်မှ တာဝန်ရှိသူ များ လာရောက်ကြည့်ရှုစစ်ဆေးကြ သည်။ နံနက် ၉ နာရီတွင်  ပထမ လက်နက်ကြီးကျည်ဆန် တစ်တောင့် ကို တူးဖော်ရရှိပြီး တံတား  ဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၅)မှ လွိုင်လင်မြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ  သက်ဆိုင်ရာ တာဝန်ရှိသူများက  သွားရောက် စစ်ဆေးကြပြီး နံနက် ၁၁ နာရီတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ လာရောက်၍  ဒုတိယလက်နက်ကြီး ကျည်ဆန်ကို  တူးဖော်ခဲ့သည်။ အဆိုပါလက်နက်ကြီးကျည်ဆန်သည် အလျား ၁၁ ဒသမ ၆ လက်မ၊ လုံးပတ် ၂ ဒသမ ၆ လက်မရှိကြောင်း သိရ သည်။ ဆက်လက်၍ ဖောင်ဒေးရှင်း တူးဖော်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရာ ညနေ ၃ နာရီတွင် လက်နက်ကြီး ကျည်ဆန်သုံးတောင့် ထပ်မံတွေ့ရှိခဲ့ ကြောင်း  သိရသည်။
မိုးလွင်ဦး(လွိုင်လင်)
 
လွိုင်လင် ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင် မြို့မှ ပင်လုံအထွက် မြောင်းကူးတံတား ပြုပြင်ရန် နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန စီမံကိန်းအထူးအဖွဲ့(၅) မှ ဖောင်ဒေးရှင်းတူးစဉ် မြေအနက် သုံးပေခန့်တွင် စစ်လက်ကျန် လက်နက် ကြီးကျည်ဆန်များ တွေ့ရှိကြောင်း သိရသည်။

အဆိုပါလက်နက်ကြီးကျည်ဆန် တွေ့ရှိရာသို့ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူး ခင်အောင်နှင့် တာဝန်ရှိသူ များ၊ လွိုင်လင်တပ်နယ်မှ တာဝန်ရှိသူ များ လာရောက်ကြည့်ရှုစစ်ဆေးကြ သည်။ နံနက် ၉ နာရီတွင် ပထမ လက်နက်ကြီးကျည်ဆန် တစ်တောင့် ကို တူးဖော်ရရှိပြီး တံတား ဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၅)မှ လွိုင်လင်မြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် စစ်ဆေးကြပြီး နံနက် ၁၁ နာရီတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ လာရောက်၍ ဒုတိယလက်နက်ကြီး ကျည်ဆန်ကို တူးဖော်ခဲ့သည်။ အဆိုပါလက်နက်ကြီးကျည်ဆန်သည် အလျား ၁၁ ဒသမ ၆ လက်မ၊ လုံးပတ် ၂ ဒသမ ၆ လက်မရှိကြောင်း သိရ သည်။ ဆက်လက်၍ ဖောင်ဒေးရှင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာ ညနေ ၃ နာရီတွင် လက်နက်ကြီး ကျည်ဆန်သုံးတောင့် ထပ်မံတွေ့ရှိခဲ့ ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)

No comments:

Post a Comment