Tuesday, December 2, 2014

အီရတ်တပ်မတော်တွင် တစ္ဆေစစ်သည် ၅ဝဝဝဝ ရှိကြောင်း ဝန်ကြီးချုပ်ထုတ်ဖော်

Photo: အီရတ်တပ်မတော်တွင် တစ္ဆေစစ်သည် ၅ဝဝဝဝ ရှိကြောင်း ဝန်ကြီးချုပ်ထုတ်ဖော်

ဘဂ္ဂဒက်      ဒီဇင်ဘာ     ၁

အီရတ်နိုင်ငံတွင် ''တစ္ဆေစစ်သည်များ''ဟု ခေါ်ဆိုကြသည့် အမည်သာရှိ၍ လူမရှိသော တပ်ဖွဲ့ဝင်များအရေးကို စုံစမ်းစစ်ဆေးရာတွင် အနည်းဆုံး အရေအတွက် ၅ဝဝဝဝ ရှိကြောင်း ဝန်ကြီးချုပ် ဟိုင်ဒါ အဲလ်-အဘာဒီ၏ ပြောကြားချက်ကို ယနေ့ ဗွီအိုအေက ကြေညာသည်။

နိုင်ငံတော်၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် အမှန်တကယ်မရှိသော ၎င်းတပ်ဖွဲ့ဝင်များအတွက် လစာငွေများ ထုတ်ပေးလျက်ရှိသည်ဟု ဆိုသည်။

ဝန်ကြီးချုပ်က အီရတ်လွှတ်တော်အမတ်များကို တနင်္ဂနွေနေ့တွင် မိန့်ခွန်းပြောကြားရာ၌ အဆိုပါတွေ့ရှိ ချက်အား  ထုတ်ဖော်ပြောကြားခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိ ပြုခဲ့သည်။

အဘာဒီသည် ယခင်ဝန်ကြီးချုပ်ဟောင်း နိုရီအဲလ်-မာလီကီ လက်ထက်တွင် အမှုထမ်းခဲ့ကြသည့် ထိပ်တန်း တပ်မှူးအချို့ကို အလုပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် တာဝန်မှ အနားယူစေခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

လစာစာရင်းတွင် ဖော်ပြထားသော လုပ်ကြံဖန်တီးထားသည့် တပ်ဖွဲ့ဝင်များ၏ လစာငွေကို တပ်မှူးများနှင့် အခြားတာဝန်ရှိသူတို့က ထုတ်ယူခဲ့သည်။ ဗွီအိုအေ။

No comments:

Post a Comment