Monday, December 1, 2014

နော်ဝေနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် ရေလုပ်ငန်းဝန်ကြီး တယ်လီနောအရောင်းပြခန်းအား ကြည့်ရှုစစ်ဆေး

Photo: နော်ဝေနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် ရေလုပ်ငန်းဝန်ကြီး
တယ်လီနောအရောင်းပြခန်းအား ကြည့်ရှုစစ်ဆေး

ရန်ကုန်       နိုဝင်ဘာ       ၃ဝ

နော်ဝေနိုင်ငံကုန်သွယ်ရေး၊  စက်မှုနှင့်ရေလုပ်ငန်းဝန်ကြီး H.E.Ms.Monica Maeland သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့်  ၁၁ လမ်းထိပ်ရှိ  တယ်လီနောအရောင်းပြခန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက တယ်လီနော ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ  အခြေအနေ၊ တယ်လီနော မိုဘိုင်းဖုန်းဆင်းကတ်များ၊ ဟန်းဆက်များ နေ့စဉ်ရောင်းချရမှုအခြေအနေတို့ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ 

ထို့နောက်  ကုန်သွယ်ရေး၊   စက်မှုနှင့်ရေလုပ်ငန်းဝန်ကြီးသည် တယ်လီနောအရောင်းပြခန်းအနီးရှိ တယ်လီနောမိုဘိုင်းဖုန်းဆင်းကတ်နှင့် ဟန်းဆက်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။   (သတင်းစဉ်)

No comments:

Post a Comment