Monday, December 1, 2014

ဖာဂူဆန်မြို့မှ ရဲအရာရှိ ရာထူးမှနုတ်ထွက်

Photo: ဖာဂူဆန်မြို့မှ ရဲအရာရှိ ရာထူးမှနုတ်ထွက်

ဖာဂူဆန်       နိုဝင်ဘာ       ၃ဝ 

အမေရိကန်နိုင်ငံ ဖာဂူဆန်မြို့တွင် ဆယ်ကျော်သက်အရွယ် လူမည်းတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သော လူဖြူရဲအရာရှိက သူ၏ဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ရှေ့နေကပြောသည်။ 

'နုတ်ထွက်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ပါ။ ဒါပေမယ့် ကျွန်တော့်ကြောင့် အခြားမဆိုင်တဲ့သူတွေ ဘေးဒုက္ခရောက်ရမှာ ကို ကျွန်တော်မလိုလားဘူး' ဟု ရဲအရာရှိဒါရန်ဝေဆန်က သတင်းဌာနတစ်ခုကို ပြောခဲ့သည်။ 

တရားသူကြီးက ယင်းအမှုနှင့် ပတ်သက်၍ အပြစ်မရှိကြောင်း တရားရုံးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်အချိန်မှစပြီး ဖာဂူဆန်မြို့နှင့် အခြားအနီးပတ်ဝန်းကျင်ရှိမြို့များ၌ ဆူပူသောင်းကျန်းမှုများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။

သြဂုတ် ၉ ရက်နေ့ကဖြစ်ပွားခဲ့သော လူမည်းတစ်ဦးအား လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုနှင့် ပတ်သက်၍ တရားရုံး၏ဆုံးဖြတ်ချက်ကို မကျေနပ်သည့် လူမည်းလူ့အဖွဲ့အစည်းများက ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။ 

'ကျွန်တော်ဝန်ထမ်းအဖြစ် ဆက်လက်ရှိနေမယ်ဆိုရင် ဒေသခံတွေနဲ့ ဖာဂူဆန်မြို့ရဲတပ်ဖွဲ့ဝင်တွေကို  ဒုက္ခဆိုးကျိုးများဆီသို့ တွန်းပို့သလိုဖြစ်နေလိမ့်မယ်။ ကျွန်တော့်ကြောင့် မည်သူ့ကိုမှ ဒုက္ခမရောက်စေချင်ပါဘူး'ဟု ရဲအရာရှိ ဝေဆန်က ၎င်း၏နုတ်ထွက်စာတွင်ရေးသား ဖော်ပြခဲ့သည်။  ဝေဆန်၏နုတ်ထွက်မှုသည် အမှန်တကယ်အကျိုး သက်ရောက်မှုရှိခဲ့ကြောင်း ၎င်း၏ရှေ့နေက ပြောကြားခဲ့သည်။

အာဖရိကန်-အမေရိကန် လူ့အဖွဲ့အစည်းက ရဲအရာရှိဝေဆန်အား သေဒဏ်စီရင်ရန် တောင်းဆိုခဲ့သော်လည်း လူဖြူ ကိုးဦးနှင့် လူမည်း သုံးဦးပါ တရားသူကြီးအဖွဲ့က သုံးလတိုင်တိုင်သုံးသပ် ဆင်ခြင်ပြီးနောက် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။        ဘီဘီစီ။

No comments:

Post a Comment