Monday, December 1, 2014

နော်ဝေနိုင်ငံ ပဉ္စမမြောက်ဘုရင်နှင့် မိဖုရား ရန်ကုန်မြို့သို့ရောက်ရှိ

Photo: နော်ဝေနိုင်ငံ ပဉ္စမမြောက်ဘုရင်နှင့်
မိဖုရား ရန်ကုန်မြို့သို့ရောက်ရှိ

ရန်ကုန်         နိုဝင်ဘာ      ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန်ယာ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၃ နာရီ ၃၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။ 

ဧည့်သည်တော် နော်ဝေနိုင်ငံ ပဉ္စမမြောက်ဘုရင်နှင့်  မိဖုရားတို့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံ သံအမတ်ကြီး  H.E.Ms.Ann Ollestad၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။  (သတင်းစဉ်)

No comments:

Post a Comment