Wednesday, December 31, 2014

သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းနှင့် ဒေသခံပြည်သူတို့၏ ပီတိစကားသံများ


 



ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ သောက်ရေခပ်(၂) ရေအား လျှပ်စစ်စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ဝ ရက်တွင် အဆိုပါစီမံ ကိန်းပရဝဏ်၌ကျင်းပခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်အားပေးသည်။ 

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၊ စီမံကိန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စီမံကိန်းနှင့်ပတ်သက်သည့် ခံစားချက်များကို မေးမြန်းလေ့လာဖြစ်ခဲ့သည်။


ဦးစိန်ဝင်း[အုပ်ချုပ်ရေးမှူး၊


တောင်ညွန့် အမှတ်(၂ဝ)ရပ်ကွက်]


သောက်ရေခပ်(၂) ရေအားလျှပ်စစ် စီမံကိန်းကို ဆောင်ရွက်ခဲ့တဲ့အတွက် နွေစပါးတွေ စိုက်ပျိုးနိုင်ရုံသာမကဘဲ မိုးရာသီရေကြီးမှုကို ကာကွယ်ပေးပြီးဖြစ်သလို စိုက်ပျိုးရေးလုပ်ငန်းတွေ ပိုအောင်မြင်လာမယ်လို့ ထင်ပါတယ်။ တောင်ငူမြို့သာမက ပဲခူးတိုင်း ဒေသကြီးတစ်ခုလုံးမှာပါ လျှပ်စစ်မီးတွေ ပိုရလာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုတွေ ပြည့်စုံရရှိလာမှာဖြစ်ပါတယ်။ ယခင် နှစ်အခြေအနေများထက် ဖွံ့ဖြိုးတိုးတက်မှုတွေများလာတာကို တွေ့ရပါတယ်။ အရင်က မရှိခဲ့ဖူးတဲ့ ကျေးရွာ တွေအားလုံးမှာဆိုရင် တော်တော် ပြည့်ပြည့်စုံစုံလေးတွေ လျှပ်စစ်ရှိ လာခဲ့ပါပြီ။ ဒီရေအားလျှပ်စစ်စီမံကိန်း ကြီးမလုပ်ခင်ကဆိုရင် တောင်ငူမြို့ရဲ့ လယ်ဧရိယာတွေဟာ များသောအား ဖြင့် ရေကြီးမှုဒဏ်ခံရတယ်ခင်ဗျ။ အခုလိုစီမံကိန်းကြီးပေါ်လာလို့ ရေကို ထိန်းထားနိုင်မယ်ဆိုရင် မိုးစပါးအပြင် နွေစပါးပါ စိုက်ပျိုးရရှိနိုင်မယ်။ နွေ ရာသီစိုက်ပျိုးတဲ့ သီးနှံတွေပါ အောင်မြင်လာမှာမို့လို့ တောင်သူလယ်သမား တွေနဲ့တကွ အားလုံးသောပြည်သူတွေ စိတ်ချမ်းသာပျော်ရွှင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။


ဦးညို(ခ)ဦးသိန်းဝင်း


[တောင်ညွန့်(၁၉)ရပ်ကွက်]


ဒီစီမံကိန်းကြီးဖြစ်ပေါ်လာလို့ ကျွန်တော်တို့ နယ်သူနယ်သားတွေ အလွန်ဝမ်းသာနေပါတယ်။ လျှပ်စစ်မီးရရှိ မယ်ဆိုလို့ပိုပြီးဝမ်းသာပါတယ်။ လယ် သမားတွေအတွက်လည်း ဒီဆည်က နေ ရေတွေလွှတ်ပေးမှာဖြစ်တဲ့အတွက် စိုက်ပျိုးရတာ ပိုကောင်းမှာမို့လို့ ဝမ်းသာနေပါတယ်။ နိုင်ငံတစ်ဝန်းမှာ ဒီလိုစီမံကိန်းမျိုးတွေ များများပေါ်လာ ပြီး လျှပ်စစ်ဓာတ်အားတွေ အများကြီး ရရှိမယ်ဆိုရင် ပိုပြီးဝမ်းသာကျေနပ် မိပါတယ်။


ဦးစိုးဝင်း(အုပ်ချုပ်ရေးမှူး၊


နဂါးမောက်ကျေးရွာအုပ်စု)


ကျွန်တော်တို့ကျေးရွာမှာ အခုတော့ ရွှေစွမ်းအင်ကုမ္ပဏီက လျှပ်စစ်မီးရဖို့ ဆောင်ရွက်ပေးနေပါတယ်။ မီးလည်းလင်းနေပါပြီ။ လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေကိုလည်း အားလုံးပြည့်စုံ အောင်လုပ်ပေးထားပါတယ်။ လျှပ်စစ် မီးရရှိတဲ့အတွက် လူနေမှုအဆင့်အတန်း ကတော့ မြင့်လာပါတယ်။ လမ်းပန်း အဆက်အသွယ်ကောင်းတော့လည်း သွားလာလို့ကောင်းတာပေါ့။ အခုဆို ဒေသခံတွေအနေနဲ့ စီးပွားရေး၊ လူမှု ရေးတွေ အစစအရာရာမှာ တိုးတက် လာနေပါတယ်။ လျှပ်စစ်မီးလည်း ရတယ်။ လမ်းလည်းကောင်းတယ်ဆိုတော့ ဒေသဖွံ့ဖြိုးရေးက တော်တော်ကောင်းလာပါတယ်။


မရည်ရွယ်ရှိုင်း(ဒိုးဆောင်ကျေးရွာ၊ ချောင်းဝကျေးရွာအုပ်စု၊


ထန်းတစ်ပင်မြို့နယ်)


မိဘတွေက ဥယျာဉ်ခြံရော လယ်ယာလုပ်ငန်းပါ လုပ်ပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းဖြစ်ပေါ်လာလို့ နွေ စပါး၊ မိုးစပါးအဆင်ပြေလာပါတယ်။ အရင်ကဆို နွေစပါး၊ မိုးပါရဖို့ မလွယ် ပါဘူး။ အခုဆို ကျေးရွာလည်း ဖွံ့ဖြိုး တိုးတက်လာပါတယ်။ အရင်ကဆို မီးမရတော့ မတိုးတက်နိုင်ပေမယ့် အခုဆို တစ်ရွာလုံး မီးလင်းလာသလို ဒေသဖွံ့ဖြိုးတိုးတက်လာလို့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။


ဦးအံ့မောင်[စီမံကိန်းမန်နေဂျာ


သောက်ရေခပ်(၂)


ရေအားလျှပ်စစ်စီမံကိန်း၊


ရွှေစွမ်းအင်ကုမ္ပဏီ]


ဒီစီမံကိန်းမှာ (၄ဝ)မဂ္ဂါဝပ်စီ ထုတ်လုပ်ပေးနိုင်တဲ့ တာဘိုင်သုံးလုံးကို ဒေါင်လိုက်ဖရက်ဆင့် တာဘိုင်သုံးလုံး တပ်ဆင်ထားပါတယ်။ ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၃ ခုနှစ်အထိ ငါးနှစ် နဲ့ ပြီးစီးအောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့တာဖြစ်ပါတယ်။ စက်ရုံက ထွက် တဲ့ ဓာတ်အားအားလုံးကို နေရှင်နယ် ဂရစ်ထဲ ထည့်ပေးရပါတယ်။ အဲဒီ ကနေမှ အနားမှာရှိတဲ့ နဂါးမောက် ထုံးဘိုဒေသကျေးရွာ ငါးရွာ၊ အိမ်ခြေ ၂၂၅ အိမ်ကို ကျွန်တော်တို့ မီးပေးထားပါတယ်။


ဟိုတုန်းကတော့ ထုံးဘို နဂါးမောက်ဆိုတာ လှည်းနဲ့လာ၊ ကားနဲ့ လာသလို ဂျစ်ကားနဲ့လာပါတယ်။ အခုတော့ ကျွန်တော်တို့ကုမ္ပဏီက စီမံကိန်းအတွက် လမ်းဖောက်ရင်းနဲ့ ကတ္တရာလမ်းအဆင့်ထိအောင် မြှင့် ပေးထားတဲ့အတွက် သူတို့လည်းပဲ ဆိုင်ကယ်ကိုယ်စီနဲ့ သွားရေးလာရေး အဆင်ပြေလာတယ်။ အလားတူပဲ ဒေသဖွံ့ဖြိုးရေးဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေမှာလည်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ တွေ့မြင်မိပါတယ်ခင်ဗျ။


ကျွန်တော်တို့နိုင်ငံက လျှပ်စစ် ဓာတ်အားကို တစ်ဦးချင်းသုံးစွဲမှုမှာ အင်မတန်မှ နိမ့်ကျနေပါတယ်။ ဒီအတွက် ကျွန်တော်တို့အပါအဝင် တိုးတက်ပြီးတော့ သုံးစွဲခွင့်၊ သုံးစွဲလို့ ရနိုင်တော့မှာဖြစ်တဲ့အတွက် အင်မတန် မှ ဝမ်းသာပါတယ်။


ဒေါ်ခင်အေး


(ကံရိုးကျေးရွာ၊ တောင်ငူ)


အမေတို့ဆီမှာ အရင်ကဆိုရေတွေ အရမ်းကြီးတယ်လေ။ မိုးတွင်းဆိုရင် လယ်တွေပျက်စီးတာပေါ့နော်။ အခု လိုမျိုးလေး ရေကိုသိုလှောင်ပြီးတော့ ရေအားလျှပ်စစ်စီမံကိန်းလုပ်လိုက် တော့ ရေကြီးတာလည်း နည်းနည်း ထိန်းသွားတာပေါ့။ မနှစ်ကဆို ရေကြီး တာ လုံးဝမရှိခဲ့ဘူး။ လယ်သမားတွေ၊ တောင်သူတွေ အလွန်ဝမ်းသာတယ်။


အခုဆိုရင် မိုးစပါးစိုက်နိုင်နေပါပြီ။ အရင်တုန်းကဆိုရင် လယ်ရေနစ်ကွင်း ဘက်ကပဲ စိုက်နိုင်တယ်။ အခုဆိုရင် ဟိုဘက်ကုန်းပြင်ကွင်းမှာပါ နွေစပါး စိုက်လို့ရပြီ။ ဒီအတွက် ပီတိဖြစ်ပါ တယ်။ နိုင်ငံတော်က အခုလိုတောင်သူ တွေအတွက် ဦးစားပေးပြီးလုပ်ပေးတဲ့ အတွက် ကျေးဇူးလည်းတင်ပါတယ်။ ရွာအတွက်လည်း ကျေးဇူးတင်ပါ တယ်။ ပြီးတော့ ဒီတောင်ငူမြို့တစ်ဝိုက် မှာလည်း ဒီလိုထွန်းကားလာတဲ့အတွက် အလွန်လည်း ပျော်ပါတယ်။ ပီတိလည်း ဖြစ်ပါတယ်။


သတင်းအဖွဲ့

No comments:

Post a Comment