Monday, December 29, 2014

မလေးရှား၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ရေကြီးမှုများ ဖြစ်ပေါ်

Photo: မလေးရှား၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ရေကြီးမှုများ ဖြစ်ပေါ် 

ကွာလာလမ်ပူ   ဒီဇင်ဘာ    ၂၈ 

မလေးရှားနိုင်ငံအရှေ့ဘက်ကမ်းရိုးတမ်းတစ်လျှောက် တွင် နှစ်ပေါင်းသုံးဆယ်အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှု များဖြစ်ပေါ်လျက်ရှိရာ အနည်းဆုံးလူ ငါးဦး သေဆုံးခဲ့ ကြောင်းသိရသည်။ 

အချို့သောဒေသများတွင်တစ်မြို့လုံးနီးပါး ရေလွှမ်းမိုး သောကြောင့် လူပေါင်း ၁ဝဝဝဝဝကျော် နေရပ်စွန့်ခွာခဲ့ ရသည်။  
ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေးစခန်း များရှိ ရေဘေးသင့်ဒုက္ခသည်များအား ထောက်ပံ့ရေးပစ္စည်း များလိုက်လံပေးနေသည်။     မလေးရှားအစိုးရသည် ကယ်ဆယ်ရေးစခန်းများကို ဒေါ်လာ ၁၄ သန်း ထောက်ပံ့ ပေးထားကြောင်းသိရသည်။ 

အလားတူ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေလွှမ်းမိုးမှု ကြောင့်အနည်းဆုံးလူ  ရှစ်ဦး  သေဆုံးပြီး   လူနှစ်ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ယမန်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။ 
ထိုင်းနိုင်ငံတောင်ပိုင်း စီရင်စု လေးခုရှိ ရွာပေါင်း ၁၄၁၅ ရွာကျော် ရေလွှမ်းမိုးမှုဒဏ် ရင်ဆိုင်နေရကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနကပြောသည်။ 
သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ထောက်ပံ့ရေး ပစ္စည်းများ တောင်းခံထားကြောင်းနှင့် ထိုင်းတပ်မတော် အနေဖြင့် ကူညီထောက်ပံ့ပေးရန် ပြင်ဆင်နေကြောင်း တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ရေကြီးမှု ဒဏ် ရင်ဆိုင်နေရသော ဒေသများသို့သွားရောက်ခဲ့ပြီး အာဏာပိုင်များအား    ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တိုက်တွန်း ပြောကြားခဲ့သည်။  
သီရိလင်္ကာနိုင်ငံတွင် ရတ်သတ္တပတ်ကြာမိုးရွာသွန်းမှု ကြောင့် ရေကြီးမှုများနှင့်မြေပြိုကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၄ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း        သိရသည်။ 

ရေကြီးမှုနှင့်မြေပြိုမှုများကြောင့် လူပေါင်း ၁ဝ၆ဝဝဝ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း    သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနကပြောသည်။ 
နိုင်ငံ၏အရှေ့တောင်ပိုင်း   ဘက်ဒူလာခရိုင်တွင်             မြေပြိုမှုကြောင့် အပျက်အစီးအများဆုံးရှိပြီး လူ၁၄ဦး         သေဆုံးခဲ့သည်။
တာဝန်ရှိသူများက ရေကြီးမှုဒဏ်ခံရသော ဒေသများ ရှိ အကျဉ်းသားများအား ထောင်ပြောင်းရွှေ့မှုနှင့်လူနာများ အား ဆေးရုံပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြောင်းသိရ သည်။   
                                  
  အေပီ။

No comments:

Post a Comment