Monday, December 29, 2014

အိုင်အက်စ်အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေအတွင်း ဆီးရီးယားအစိုးရက တိုင်ကီဗုံးများကြဲချ

Photo: အိုင်အက်စ်အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေအတွင်း ဆီးရီးယားအစိုးရက တိုင်ကီဗုံးများကြဲချ

ဒမတ်စကတ်   ဒီဇင်ဘာ  ၂၈

ဆီးရီးယားနိုင်ငံအရှေ့တောင်ပိုင်းမှ အိုင်အက်စ်အဖွဲ့ က ထိန်းချုပ်ထားသော နယ်မြေအတွင်းသို့ ဆီးရီးယား လေတပ်လေယာဉ်များနှင့် ရဟတ်ယာဉ်များက တိုင်ကီဗုံး များ ကြဲချလျက်ရှိရာ စုစုပေါင်း လူ ၄ဝ ခန့် သေဆုံးခဲ့ ကြောင်း လှုပ်ရှားတက်ကြွသူများက ပြောကြားသည်။

အလက်ပိုမြို့အနီးရှိ အယ်လ်ဘတ်နှင့် ကွာဘက်ဆန် ဒေသများအား ဒီဇင်ဘာ ၂၅ရက်နှင့် ယင်းနေ့ တစ်ညတာလုံး အတွက် ပစ်မှတ်ထားကြဲချခဲ့သော အဆိုပါတိုင်ကီဗုံးများမှာ အကြမ်းထည်အဖြစ် တည်ဆောက်ထားသော ဗုံးများဖြစ် ကြသည်။

ဆီးရီးယားအစိုးရအား ဆန့်ကျင်ကန့်ကွက်နေသည့် အဖွဲ့အစည်းများ၏ အဆိုအရ ဆီးရီးယားအစိုးရသည် မကြာသေးမီကာလများအတွင်းကပင် လေကြောင်းမှ စီးနင်း တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟုဆိုသည်။

ဆီးရီးယားနိုင်ငံ၏ သမ္မတဘာရှားအယ်လ်အာဆတ် အား ဆန့်ကျင်လှုပ်ရှားမှုများ ၂ဝ၁၁ ခုနှစ်အတွင်း စတင် ဖြစ်ပွားချိန်ကတည်းက  ဆီးရီးယားပြည်သူ  ၂ဝဝဝဝဝ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

၎င်းအပြင် ဆီးရီးယားပြည်သူဦးရေ ၃ ဒသမ ၂ သန်း ခန့်သည် ဆီးရီးယားနိုင်ငံအား စွန့်ခွာထွက်ပြေးရပြီး        ၇  ဒသမ  ၆  သန်းရှိသော  ဆီးရီးယားပြည်သူများမှာ ပြည်တွင်း၌ လှည့်လည်အခြေစိုက်နေထိုင်နေရသည်။

အိုင်အက်စ်အဖွဲ့အား အမေရိကန်နှင့် မဟာမိတ်နိုင်ငံ များ စုပေါင်း၍ လေကြောင်းစီးနင်းမှုများ ပြုလုပ်ခဲ့သည့် ယခုနှစ် စက်တင်ဘာလနောက်ပိုင်းတွင် ဆီးရီးယားအစိုးရ က လူဦးရေ ၁ဝဝဝဝဝ ခန့်နေထိုင်သည့် အယ်လ်ဘတ်မြို့ အား  မကြာသေးမီရက်ပိုင်းအတွင်းက  လေကြောင်း စီးနင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။                     

ဘီဘီစီ။

No comments:

Post a Comment