Monday, December 29, 2014

၂ဝ၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ အနုပညာရှင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

Photo: ၂ဝ၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ အနုပညာရှင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

ရန်ကုန်      ဒီဇင်ဘာ    ၂၈

၂ဝ၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရ  အနုပညာရှင်များအား ဂုဏ်ပြုသည့်ညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်း၌ ရန်ကုန်မြို့ရှိ Sky Star Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး က နိုင်ငံတော်အနေဖြင့် အရပ်ဘက်လူ့ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့်လည်း ရုပ်ရှင်   လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုပ်ရှင် လောကသားများ  အကျိုးစီးပွားကို အားပေးကူညီပံ့ပိုးလျက်ရှိမှု၊ ရုပ်ရှင်၊ ဗီဒီယိုလောက ဖွံ့ဖြိုးတိုးတက်ရေးကို လောကသားများကိုယ်တိုင် ကြိုးစား အားထုတ်ရန်လိုအပ်မှုတို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးလူမင်းက ကျေးဇူးတင် စကားပြောကြားပြီး  ၂ဝ၁၃ ခုနှစ်           မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကဲဖြတ်များ ကိုယ်စား ဒါရိုက်တာအောင်မြင့်မြတ်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်ခြင်း နှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။ 
ဆက်လက်၍ ၂ဝ၁၃ ခုနှစ်   မြန်မာ့  ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ပံ့ပိုးကူညီ ပေးကြသူများအား မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ        ဦးလူမင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ    ပေးအပ် သည်။ 

ယင်းနောက် အကယ်ဒမီ ထူးချွန်ဆု ရရှိကြသူများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မင်္ဂလာကုမ္ပဏီတို့က တစ်ဦးလျှင် ငွေကျပ် ငါးသိန်းစီ ချီးမြှင့် ကြပြီး အကယ်ဒမီထူးချွန်ဆုရရှိကြသူများကိုယ်စား   အကယ်ဒမီ မင်းဦးက ကျေးဇူးတင်စကား  ပြောကြားကာ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်က အခမ်းအနားသို့တက်ရောက်လာကြသူများအား    ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။      

(သတင်းစဉ်)

No comments:

Post a Comment