Monday, December 29, 2014

(၁ဝ၆)နှစ်မြောက် အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပ

Photo: (၁ဝ၆)နှစ်မြောက် အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း (၁ဝ၆)နှစ်မြောက် အထိမ်း အမှတ်   မြန်မာ-တရုတ်ချစ်ကြည် ရေး အမျိုးသားဘတ်စကက်ဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်က အောင်ဆန်းကွင်း မိုးလုံ လေလုံ အားကစားရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ အားကစားကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ  အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးMr.Yang Houlan၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံ  တရုတ်ကုန်သည်များ အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြသည်။
 
ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင်  နိုင်ငံတစ်ခု၏ အားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် ဆောင်ရွက်ရာ တွင် ပြည်သူတစ်ရပ်လုံး ခံယူချက်၊ အသိစိတ်ဓာတ်ပူးပေါင်းပါဝင်လှုပ်ရှား မှုဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ရန်ဟူသော  ရည်မှန်းချက်ကို မြန်မာနိုင်ငံ   တရုတ်ကုန်သည်များ အနေဖြင့် ဖော်ဆောင်ပေးရာရောက် သည့်အတွက် ကျေးဇူးအထူးတင်ရှိပါ ကြောင်း၊ မြန်မာ-တရုတ်ချစ်ကြည်မှု ကို အားကစားမှတစ်ဆင့် ဖလှယ်ခြင်း ဖြင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့် ကြပါစို့ဟု တိုက်တွန်းကြောင်းဖြင့် ပြောကြားခဲ့သည်။ 

တရုတ်သံအမတ်ကြီးက ''ယဉ်ကျေး မှု   ပူးပေါင်းဆောင်ရွက်ရေးနှင့် အားကစားပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒီအား ကစားပြိုင်ပွဲက   တရုတ်-မြန်မာ ချစ်ကြည်ရေးကိုကောင်းမွန်စွာ ပုံဖော် နိုင်တဲ့အတွက် ကျွန်တော်ဂုဏ်ယူမိပါ တယ်''ဟု ပြောကြားသည်။ 

အဆိုပါ ပြိုင်ပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ဟူးနန် ပြည်နယ်၊ ကွမ်စီးပြည်နယ်၊ ကွမ်တုံး ပြည်နယ်၊ ချုံချင့်ပြည်နယ်တို့မှ အသင်း ခြောက်သင်းနှင့် မြန်မာနိုင်ငံမှ ရှမ်း ပြည်နယ်  (မြောက်ပိုင်း)အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း၊ အဖွဲ့ ချုပ်လူငယ်အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်း စုစုပေါင်းလေးသင်း တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
 
ယင်းပြိုင်ပွဲတွင်  တရုတ်နိုင်ငံမှ ပြည်နယ်အဆင့် ဘတ်စကက်ဘော ဝါသနာပါသူသက်ကြီးလုပ်ငန်းရှင် များ ပါဝင်နေခြင်းနှင့်ပတ်သက်၍ တရုတ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ ပွဲကျင်းပရေးတာဝန်ခံဦးတင့် နိုင်က  ''အခုဒီတစ်ခေါက်က ပထမ ဆုံးအကြိမ်ချစ်ကြည်ရေး ဘတ်စကက် ဘောပြိုင်ပွဲဖြစ်နေတော့ ကျွန်တော်တို့ ဘက်ကပြိုင်ပွဲဝင်မယ့်   အသက် လေးဆယ်နဲ့အထက်ကို ဖိတ်လိုက်ပါ တယ်။ 

ပထမဆုံးပွဲလည်းဖြစ်တော့ တရုတ်နိုင်ငံ သက်ကြီးဘတ်စကက် ဘောအသင်းမှ နှိုးဆော်ပြီး ပြည်နယ် ငါးခုမှ အသင်းခြောက်သင်းထွက်ပြီး ချစ်ကြည်ရေးအနေနဲ့ လာရောက် ယှဉ်ပြိုင်ကြတာပါ'' ဟု ရှင်းပြခဲ့သည်။

တရုတ်နိုင်ငံမှ လာရောက်ယှဉ်ပြိုင် သူ ယူနန်ကူမင်းအသင်းမှ အသက် (၇၂) နှစ်   အရွယ်ရှိ   ကွေးချုံးက ''မြန်မာနိုင်ငံကို ချစ်ကြည်ရေးအနေနဲ့လာရောက်ယှဉ်ပြိုင်တာပါ။ ဘတ် စကက်ဘောကိုအသက် (၁၅)၊ (၁၆) နှစ် ကတည်းက ကစားခဲ့တာ ဒီအသက် အရွယ်ထိပါပဲ။ ဘတ်စကက်ဘော အားကစားသမားတွေဟာ နိုင်ငံ တကာမှာဆို   အရပ်နှစ်မီတာရှိ ရပါမယ်။ အရပ်အမြင့်မရှိဘူးဆိုရင် သွက်လက်မှုက  အဓိကပါ။ ခုန်တာ မြင့်ရမယ်။  ဒါမှအဆင်ပြေမှာပါ။ ကျွန်တော့်အမြင်ပြောရရင် မြန်မာ ဘတ်စကက်ဘော အားကစားသမား တွေဟာ  သွက်သွက်လက်လက်နဲ့ လျင်လျင်မြန်မြန် ကစားနိုင်ရင် အရှေ့ တောင်အာရှမှာ   အလားအလာ ကောင်းတွေရှိလာမှာပါ''ဟု မြန်မာ့ ဘတ်စကက်ဘောအားကစားသမား များ၏ ကစားကွက်များနှင့်ပတ်သက်၍ သူ့အမြင်ကို ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်  ပြိုင်ပွဲဝင် ကိုဟိန်းထွဋ်က ''ရန်ကုန်ကိုယ်စားပြု အနေနဲ့ အဖွဲ့ချုပ်လူငယ်အသင်းနဲ့ ကျွန်တော်တို့  (Fire wolf)အသင်းနှစ် ဖွဲ့ယှဉ်ပြိုင်မှာပါ။ ချစ်ကြည်ရေးအတွက် စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ''ဟု ပြောသည်။ 

အဆိုပါပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်မှ၃၁ ရက်အထိ မွန်းလွဲ ၁ နာရီမှ ညနေ၅ နာရီအတွင်း   အောင် ဆန်းကွင်း၌   ကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို ဇန်နဝါရီ ၁ ရက်တွင်  အပြီးသတ်ရွေးချယ်သွား မည်ဖြစ်သည်။  ဆုကြေးငွေအဖြစ် ပထမဆု ငါးသိန်း၊ ဒုတိယဆုသုံးသိန်း၊ တတိယဆု နှစ်သိန်းအပြင် ရွှေ၊ ငွေ၊ ကြေးလည်ဆွဲတံဆိပ်များနှင့် ဒိုင်းဆု များကို (၁ဝ၆) နှစ်မြောက် မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း အခမ်း အနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဟု သိရသည်။ 

                ခင်ဇာလီ

No comments:

Post a Comment