Monday, December 1, 2014

မိဘများစောင့်ရှောက်ကူညီမှုအသင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးကုသ

Photo: မိဘများစောင့်ရှောက်ကူညီမှုအသင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးကုသ
========================================

ရန်ကုန်   နိုဝင်ဘာ   ၃ဝ

မိဘများ၏ဂုဏ်ကျေးဇူးကို လေးစား တန်ဖိုးထားတုံ့ပြန်သွားမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် မိဘများ  စောင့်ရှောက်ရေးကူညီမှု အသင်း၏    မိဘဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ကုသခြင်းနှင့်   လူမှုဘဝဆိုင်ရာပစ္စည်းများ ပေးအပ်ခြင်းကို နိုဝင်ဘာ ၃ဝ ရက် မွန်းလွဲ ၁ နာရီတွင် သာကေတမြို့နယ်  ဇိနမာန်အောင်စေတီ    ဝိမုတ္တိရသ ဓမ္မာရုံ၌ ကျင်းပသည်။

''ဒီနေ့သာကေတ (၇)ရပ်ကွက်မှာ ရှိတဲ့  ဘိုးဘွား ၁၅ဝ  ခန့်ကို ကျန်းမာ ရေးစောင့်ရှောက်မှု    ပေးတာပါ။ ဒီကျန်းမာရေးစောင့်ရှောက်မှုရလဒ် ပေါ်မှာကြည့်ပြီး  လိုအပ်ရင်  ဆေးရုံ ဆေးခန်းတွေနဲ့ချိတ်ဆက်ပြီး ကုသ ပေးသွားမှာပါ။    ဒီလိုကျန်းမာရေး ဆေးစစ်ကုသတဲ့အခါ ကျပ် ၁ဝ သိန်း ကနေ ၁၅ သိန်းကြား ကုန်ကျမှုရှိပါ တယ်။  အလှူရှင်တွေက လှူဒါန်းတဲ့ ငွေအပါအဝင်  ပေါင်းစပ်ဆောင်ရွက် တာဖြစ်ပါတယ်''ဟု ဘိုးဘွားကျန်းမာ ရေး စောင့်ရှောက်မှုတာဝန်ခံဆရာဝန် ဒေါက်တာကျော်ဇေယျက ပြောကြား သည်။ 

အခမဲ့ကျန်းမာရေးစစ်ဆေးကုသမှု တွင်    သက်ကြီးဘိုးဘွားများတွင် အများဆုံးဖြစ်တတ်သော သွေးတိုး၊ နှလုံး၊ ဆီချိုသွေးချို၊ လေငန်းရောဂါ တို့ကိုကုသပေးကြပြီး    နာတာရှည် သက်ကြီးဘိုးဘွားများကို စာရင်းပြုစု ကာ  ဆေးရုံဆေးခန်းများနှင့် ချိတ်ဆက်၍ ကုသပေးလျက်ရှိသည်။

''မိဘဘိုးဘွားတွေကို   ကိုယ့်မိဘ ရင်းသဖွယ်သဘောထားပြီး    ပြုစု စောင့်ရှောက်တာကို     မြင်ရတော့ ကြည်နူးမိပါတယ်။ အလွန်မွန်မြတ်တဲ့ အလုပ်မို့     ဂုဏ်လည်းယူပါတယ်။ ကိုယ်ကိုယ်တိုင်ဦးဆောင်မလုပ်နိုင် ပေမယ့်   ရှေ့ကလူတွေလုပ်တာကို နောက်ကတတ်နိုင်သလောက် ပါဝင် ကူညီရတဲ့သဘောပါ။   မိဘဆိုတာ တကယ်တော့  အရေးကြီးပါတယ်။ သားသမီးတွေ လူ့လောကထဲ ရောက် လာတာ မိဘနှစ်ပါးရဲ့ ကျွေးမွေးပြုစု စောင့်ရှောက်မှုကြောင့်ပါ။ အရင်က မိဘနှစ်ပါးက သားသမီးငါးယောက်၊ ဆယ်ယောက်ကို ပြုစုလုပ်ကျွေးနိုင်ခဲ့ ပေမယ့် အခုခေတ်မိဘနှစ်ပါးကို သား သမီးတွေက မပြုစုနိုင်တာကို တွေ့နေ ရတယ်။ ဒီလိုဖြစ်ရတဲ့အချိန်မှာ အခု လို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် တွေနဲ့  တစ်ဦးချင်းစီ  ကျန်းမာရေး စစ်ဆေးတာကို တွေ့ရတာဝမ်းသာပါ တယ်။ ကျွန်မကိုယ်တိုင်လည်း ဒီလို ပရဟိတလုပ်ငန်းတွေကို တတ်နိုင်သ လောက် ပါဝင်သွားမယ်လို့ ဆုံးဖြတ် ထားပါတယ်''ဟု   မမများအဖွဲ့မှ ရုပ်ရှင်သရုပ်ဆောင် ဝါဝါအောင်က ပြောကြားသည်။ 

မိဘများစောင့်ရှောက်ရေး ကူညီမှု အသင်း၏  ကျန်းမာရေးစောင့်ရှောက် ဆေးကုသမှုအခမ်းအနားသို့ သာကေတ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊   မြို့နယ်စာရေး ဆရာအသင်းနှင့် အလှူရှင်များ တက် ရောက်ကြပြီး ဆေးကုသမှုလုပ်ငန်းကို မြို့နယ်အလိုက်တစ်လလျှင် နှစ်ကြိမ် အခမဲ့စစ်ဆေးကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း-အောင်ကျော်ဦး
ဓာတ်ပုံ-ခင်မောင်ဝင်း

No comments:

Post a Comment