Monday, December 1, 2014

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ဗိုလ်ရှုခံအခမ်းအနား နေပြည်တော်၌ ကျင်းပမည် သတင်းရယူမည့် မီဒီယာသမားများ မှတ်ပုံတင်ဆောင်ရွက်နိုင်


နပြည်တော် ဒီဇင်ဘာ ၁


(၆၇)နှစ်မြာက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ဗိုလ်ရှုခံအခမ်းအနား ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။

သတင်းတက်ရောက်ရယူလိုသည့် မီဒီယာသမားများအနေဖြင့် မှတ်ပုံ တင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်ရန် ဖြစ်ပြီး ကိုယ်ရေးအချက်အလက် (အကျဉ်း) ပတ်စ်ပို့ဓာတ်ပုံသုံးပုံနှင့်အတူ ပေးပို့ဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနများအနေဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဖုန်း-ဝ၆၇-၄၁၂၁၂၅၊ ဝ၆၇-၄၁၂၁၂၆၊ ဖက်(စ်) ဝ၆၇-၄၁၂၁၂၄၊ emil-adnews2014@gmail. com သို့လည်းကောင်း၊ ပြည်တွင်းစာနယ်ဇင်းများအနေဖြင့် ဖုန်း-ဝ၆၇-၄၁၂ဝဝ၂၊ ဝ၆၇-၄၁၂၁၈၇၊ email-myintkyaw103@gmail.com သို့လည်းကောင်း ဆက်သွယ်ပေးပို့ဆောင်ရွက်နိုင်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment