Tuesday, December 30, 2014

အာဆင်နယ်တိုက်စစ်မှူး ပိုဒေါစကီး အင်တာမီလန်သို့ အငှားသွားကစားမည်

Photo: အာဆင်နယ်တိုက်စစ်မှူး ပိုဒေါစကီး အင်တာမီလန်သို့ အငှားသွားကစားမည်

အာဆင်နယ်တိုက်စစ်မှူး ပိုဒေါစကီးသည် အီတလီ စီးရီးအေကလပ်   အင်တာမီလန်အသင်းသို့  အငှားသွား ရောက်ကစားမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီကြယ်ပွင့်   ပိုဒေါစကီးသည်    အာဆင်နယ် အသင်းမှ အင်တာမီလန်အသင်းသို့  အငှားသွားရောက် ကစားခဲ့ပါက   အလွတ်ပြောင်းရွှေ့ကြေး  ပေါင် ၁ ဒသမ ၅ သန်းရရှိမည်ဖြစ်ကြောင်းသိရသည်။ အာဆင်နယ်အသင်း တွင် အထိုင်မကျဖြစ်နေသည့် တိုက်စစ်မှူး ပိုဒေါစကီးသည် လက်ရှိကလပ်အာဆင်နယ်အသင်းနှင့်  စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသော်လည်း အာဆင်နယ်အသင်း အနေဖြင့်   ပိုဒေါစကီးအား   အင်တာမီလန်အသင်းသို့ ခြောက်လအငှားစာချုပ်ဖြင့် သွားရောက်ကစားခွင့်ပြုမည် ဖြစ်ကြောင်းသိရသည်။

အာဆင်နယ်အသင်းနည်းပြ   အာစင်ဝင်းဂါးကမူ လက်ရှိတွင် တိုက်စစ်မှူးဂီရောက်  Boxing day တွင် အနီကတ်ပြခံထားရခြင်းကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရ မည်ဖြစ်ကာ  ဆောက်သမ်တန်အသင်းနှင့်      ပွဲစဉ်တွင် လွဲချော်မည်ဖြစ်၍ ယင်းပွဲစဉ်မတိုင်မီ   အသင်းမှထွက်ခွာ ခွင့်ပြုမည်မဟုတ်ကြောင်းလည်း ပြောကြားထားသည်။
အသက်(၂၉)နှစ်အရွယ်ရှိ တိုက်စစ်မှူး ပိုဒေါစကီး သည် အာဆင်နယ်အသင်းအတွက် သုံးဂိုးသွင်းယူပေး ထားသည်။                               

(ငွေကြယ်)

No comments:

Post a Comment