Tuesday, December 30, 2014

အက်သလက်တီကိုမက်ဒရစ်သို့ အငှားသွားကစားရန် တောရက်စ် သဘောတူညီ

Photo: အက်သလက်တီကိုမက်ဒရစ်သို့ အငှားသွားကစားရန် တောရက်စ်  သဘောတူညီ

စပိန်တိုက်စစ်မှူး  ဖာနန်ဒို  တောရက်စ်သည် ၂ဝ၁၅-၂ဝ၁၆ ဘောလုံး ရာသီကုန်တွင် အေစီမီလန်အသင်းမှ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းသို့ အငှားသွားရောက်ကစားရန် သဘောတူညီထားကြောင်း သိရသည်။

အသက်(၃ဝ)အရွယ်ရှိ တိုက်စစ်မှူး တောရက်စ်သည်    ခုနစ်နှစ်ခွဲကြာ ကစားခဲ့သည့်   အသင်းဟောင်းအက် သလက်တီကိုမက်ဒရစ်တွင် ပြန်လည် ကစားမည်ဖြစ်ပြီး  အက်သလက်တီကို မက်ဒရစ်အသင်းတွင်   ရလဒ်ကောင်း များရရှိအောင်   စွမ်းဆောင်ပေးနိုင် ခဲ့သူဖြစ်သည်။
တိုက်စစ်မှူး  တောရက်စ်အား ၂ဝ၁၁ ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင်    လီဗာပူးအသင်းမှ ပေါင်သန်း ၅ဝ ဖြင့် ခေါ်ယူထားခဲ့  သော်လည်း လက်ရှိတွင်မူ ချယ်လ်ဆီး အသင်းက   အေစီမီလန်အသင်းသို့ အပြီးရောင်းချလိုက်ပြီဖြစ်ကြောင်း လည်း သိရသည်။

ဗြိတိန်ကလပ်အသင်းများ ဈေးကြီး ပေးခဲ့ရသည့်       ကစားသမားများမှာ မန်ယူအသင်းသည် ရီးယဲလ်မက်ဒရစ် အသင်းမှ     တောင်ပံကစားသမား ဒီမာရီယာအား ပေါင် ၅၉ ဒသမ ၇ သန်း၊       ချယ်လ်ဆီးအသင်းသည် လီဗာပူးအသင်းမှ       တိုက်စစ်မှူး တောရက်စ်အား ပေါင်သန်း ၅ဝ၊ အာဆင်နယ်အသင်းသည်   ရီးယဲလ် မက်ဒရစ်အသင်းမှ   ကွင်းလယ်ကစား သမားအိုဇေးလ်အား ပေါင် ၄၂ ဒသမ ၄ သန်း၊    မန်စီးတီးအသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းမှ တိုက်စစ်မှူးအဂူရိုအား ပေါင် ၃၈ သန်း၊ မန်ယူအသင်းသည်  ချယ်လ်ဆီး အသင်းမှ ကွင်းလယ်ကစားသမား မာတာအား ပေါင် ၃၇ ဒသမ ၁ သန်း စသည်ဖြင့် စံချိန်တင်ပြောင်းရွှေ့ကြေး များဖြင့် ခေါ်ယူထားခဲ့ကြသည်။
တိုက်စစ်မှူး တောရက်စ်သည် ချယ်လ်ဆီးအသင်းတွင် ကစားခဲ့စဉ်က ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား နှင့် အက်ဖ်အေဖလားတို့     ရရှိ      အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူ  ဖြစ် သည်။

(နိုင်လင်းကြည်)

No comments:

Post a Comment