Tuesday, December 30, 2014

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်ဘိန်းစိမ်းများ သိမ်းဆည်းရမိ

Photo: စိတ်ကြွရူးသွပ်ဆေးပြားများနှင့်ဘိန်းစိမ်းများ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက်တွင် မတ္တရာမြို့နယ် (၅)ရပ်ကွက် မန္တလေး-မိုးကုတ်ကား လမ်း၌  မူဆာဘိုင်(ခ)ချစ်ဦး(ခ)အောင်ချစ်ဦးနှင့် ကာဆင်ဘိုင်(ခ)သိန်းနိုင်ထူးတို့နှစ်ဦးအား ရှာဖွေရာ မူဆာဘိုင်၏ ဂျာကင်အင်္ကျီအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ဝ  သိမ်းဆည်းရမိသဖြင့် ၄င်းတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာ ဥပဒေအရ အရေးယူထားသည်။ 

အလားတူ ပင်လုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၇ ရက် ပင်လုံမြို့ မြို့သစ်ရပ်ကွက်(၂)နေ ခွန်တအောင်၏ အိမ်ကိုသတင်း အရ ရှာဖွေရာ မီးဖိုချောင်ရှိ ပလတ် စတစ်ပုံးအတွင်းမှ ဘိန်းစိမ်း ၁ ဒသမ ၄ ကီလို၊ ဧည့်ခန်းရှိ ပီနံအိတ်အတွင်းမှ ဘိန်းစိမ်း ၁ ဒသမ ၁ ကီလို၊ အိမ်နောက် ဖေးမြေကြီးအတွင်းမြှုပ်ထားသည့် ပလတ်စတစ်ပုံးအတွင်းမှ ဘိန်းစိမ်း ၆ ဒသမ ၉ ကီလို စုစုပေါင်း ဘိန်းစိမ်း အလေးချိန် ၉ ဒသမ ၄ ကီလို သိမ်း ဆည်းရမိသဖြင့် ၄င်းအားမူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော  ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

       (ကြေးမုံ)

No comments:

Post a Comment