Tuesday, December 2, 2014

ပြန်ပေးဆွဲခံရသော ဗိုလ်ချုပ်ကြီးအား ကိုလံဘီယာသူပုန်များ ပြန်လွှတ်

Photo: ပြန်ပေးဆွဲခံရသော ဗိုလ်ချုပ်ကြီးအား ကိုလံဘီယာသူပုန်များ ပြန်လွှတ်
=========================================

ဟာဗားနား ဒီဇင်ဘာ ၁

လွန်ခဲ့သော သီတင်းနှစ်ပတ်က ပြန်ပေးဆွဲသွားခဲ့သော ဗိုလ်ချုပ်ကြီး တစ်ဦးနှင့်   အခြားနှစ်ဦးအား ကိုလံ ဘီယာ ဖတ်သူပုန်များက  ပြန်လွှတ် ပေးလိုက်သည်။

ဗိုလ်ချုပ်ကြီး  ရူဘင်ဒါရီယို အော်ဇာတေးနှင့် အခြားဖမ်းဆီးထား သူနှစ်ဦးအား  နိုင်ငံတကာကြက်ခြေနီ အဖွဲ့၏ ဦးဆောင်မှုဖြင့် လူသားချင်း စာနာမှုဆိုင်ရာ   မစ်ရှင်တစ်ခုသို့ လွှဲပြောင်းပေးလိုက်သည်ဟုဆိုသည်။ 

ယင်းတို့အား   မိသားစုများနှင့် မတွေ့ဆုံမီ  မက်ဒလင်းမြို့အနီး  စစ် အခြေစိုက်စခန်းတစ်ခုသို့ ခေါ်ဆောင် သွားခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်က ပြန်ပေးဆွဲခံရသော ဗိုလ်ချုပ်ကြီး အော် ဇာတေးက ကျူးဘားရှိ သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်ဆိုင်း ရန်သမ္မတထံ တောင်းဆိုလိုက်သည်။

အဆိုပါ  ဗိုလ်ချုပ်ကြီးအား လွှတ် ပေးလိုက်ခြင်းဖြင့်    ငြိမ်းချမ်းရေး ဆွေးနွေးပွဲ   ဆက်လက်ပြုလုပ်ရန် အထောက်အကူဖြစ်စေကြောင်း သမ္မတ ဂျူအန်မာနူးဆန်တို့စ်က ပြောသည်။ သို့ရာတွင် အစိုးရနှင့်  သူပုန်အဖွဲ့ ဆွေးနွေးပွဲပြန်စရန်   ရက်မသတ်မှတ် ရသေးဟု ၎င်းကဆိုသည်။

နှစ်နှစ်အတွင်း အစိုးရနှင့် သူပုန် ငြိမ်းချမ်းရေးရရှိရန်  မျှော်လင့်ထား သည်။ ဆယ်စုနှစ် ငါးခုအတွင်း လူပေါင်း ၂၂ဝဝဝဝ ခန့် သေဆုံးခဲ့ရ သည့် ပဋိပက္ခချုပ်ငြိမ်းရန် မျှော်လင့် ထားသည်။ ကျူးဘားနိုင်ငံ ဟာဗားနား မြို့၌  စေ့စပ်ညှိနှိုင်းရေးမှူးများက ဆွေးနွေးရန်      ပြင်ဆင်လျက် ရှိသည်။      
           (ဘီဘီစီ)

No comments:

Post a Comment