Tuesday, December 2, 2014

မြန်မာ့အလင်း အယ်ဒီတာအာဘော်


ြေ
မသယံဇာတ အကျိုးရှိစွာအသုံးချ


စိုက်ပျိုးရေးလုပ်ကိုင်ရန် လယ်ယာမြေဖြစ်စေ၊ အိုးအိမ် ဆောက်လုပ်ရန် အိမ်ရာမြေဖြစ်စေ မည်သည့်မြေမဆို အဖိုးအနဂ္ဃ ထိုက်တန်ကြောင်း ရှေးရှေးပညာရှိတို့က ဆိုကြသည်။ ကာလဒေသ အားဖြင့် နေထိုင်ရာမြေနှင့် လယ်ယာမြေကိုသာ တန်ဖိုးသတ်မှတ် ပြောဆိုနေကြသော်လည်း အမှန်စင်စစ် မြေသယံဇာတအားလုံးသည် တန်ဖိုး အလွန်ကြီးမားလှပေ၏။ သတ္တလောက မြင်မြင်သမျှအရာ အားလုံးတို့သည် ဤကမ္ဘာမြေမှ ပေးစွမ်းနေခြင်းကပင် မြေသည် လူသားတို့အတွက် အဖိုးမဖြတ်နိုင် သောအရာပင်ဖြစ်၏။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၂ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ လယ်ယာ မြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းကို ဦးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ တောင်သူများလက်ဝယ်သို့ လုပ်ကွက်ပေါင်း ၈ ဒသမ ၈ဝသန်း လုပ်ပိုင်ခွင့် လက်မှတ်များထုတ်ပေးခဲ့ပြီဖြစ်ပါသည်။ ယင်းမှာ ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၇၆ ရာခိုင်နှုန်းဖြစ်သည်။ သွားလာ ရန်ခက်ခဲသောဒေသများနှင့် လယ်ယာမြေအငြင်းပွားမှုဖြစ်ပွား နေသော လယ်ယာမြေများသာ လုပ်ပိုင်ခွင့်ထုတ်ပေးရန် ကျန်ရှိ တော့ကြောင်း သိရသည်။

ဤသို့ လယ်ယာမြေလုပ်ပိုင်ခွင့် ထုတ်ပေးခြင်းကပင် တောင်သူများအတွက် လယ်ယာမြေများကို အကျိုးရှိစွာအသုံးချခွင့်ရရှိခြင်းဖြစ်ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသူများ အနေဖြင့် အရင်းအနှီးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံ ခွင့်ရှိပြီး၊ ပေါင်နှံခွင့်ဘဏ်များ သတ်မှတ်နိုင်ရေးအတွက်လည်း ဆွေးနွေး လျက်ရှိပါသည်။

ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် လယ်ယာမြေများကို ပေါင်နှံခွင့်သာရှိပြီး ရောင်းချခွင့်မရှိဟု ဆိုခြင်းဖြစ်ပါသည်။ သို့သော်လည်း မြို့နှင့်နီးသော လယ်ယာမြေ အချို့အား လူနေထိုင်ရန် မြေအဖြစ်ရောင်းချလျက်ရှိသည်ကို နေရာ အများအပြား တွေ့မြင်ရပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမှာ ဥပဒေနှင့် ကိုက်ညီလိမ့်မည်မဟုတ်ပါ။ စိုက်ပျိုးလယ်ယာမြေသည် စိုက်ပျိုးရန်အတွက်သာ ဖြစ်သင့်ပါသည်။

ယခုအခါ တောင်သူတို့အား တစ်ချိန်ကအကြောင်းအမျိုး မျိုးတို့ကြောင့် သိမ်းဆည်းထားသည့် လယ်ယာမြေများကိုပင် ပြန်လည်စွန့်လွှတ်၍ ဥပဒေနှင့်အညီ လွှဲပြောင်းပေးလျက်ရှိပါသည်။လုံးဝမျှော်လင့်မထားသော လယ်ယာမြေများ ပြန်လည်လုပ်ကိုင် ခွင့် ရရှိနေကြပြီဖြစ်ပါသည်။ ဤသို့ လယ်ယာမြေများ ပြန်လည် စွန့်လွှတ်ပေးခြင်းကပင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝကို မြှင့်တင်ပေးပြီး စိုက်ပျိုးမြေများတိုးပွားကာ လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဤသို့ လယ်ယာမြေများကို တောင်သူများထံ လုပ်ပိုင်ခွင့် လက်မှတ်များ ထုတ်ပေးခြင်း၊ စွန့်လွှတ်မြေများ ပြန်လည်လွှဲ ပြောင်းပေးခြင်းတို့နှင့် တစ်ပြိုင်နက် တစ်ဖက်တွင်လည်း လယ်ယာ မြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများ၊ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုများ တိုးတက်လာရမည်ဖြစ်ပါသည်။ လယ်ယာမြေ များကို အကျိုးရှိစွာ အသုံးချစိုက်ပျိုးထုတ်လုပ်လာနိုင်သည်နှင့်အမျှ တောင်သူလယ်သမားများ၏ မိသားစုများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်

သို့ပါ၍ မြေသယံဇာတများကို တလွဲမဖြစ်စေဘဲ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ အသုံးပြုသင့်ပါကြောင်း။ ။

No comments:

Post a Comment