Tuesday, December 2, 2014

လျှပ်စစ်ပိုင်းဆိုင်ရာတွင် နော်ဝေနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

 Photo: လျှပ်စစ်ပိုင်းဆိုင်ရာတွင် နော်ဝေနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် 
============================

နေပြည်တော် ဒီဇင်ဘာ ၁

မြန်မာနိုင်ငံသည်  ရေအရင်းအမြစ် ပေါကြွယ်ဝသည့်  နိုင်ငံတစ်နိုင်ငံ ဖြစ်ရာ အဆိုပါပေါကြွယ်ဝသည့် အရင်း အမြစ်များကိုအခြေခံ၍ လျှပ်စစ်ဓာတ် အားထုတ်လုပ်ပါက လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁ဝဝဝဝဝ ခန့်အထိ ရရှိနိုင် မည်ဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ် ဓာတ်အားများအနက် ၄ဝဝဝဝ မဂ္ဂါဝပ် မှာ  ဖြစ်မြောက်နိုင်မှုရှိကြောင်းနှင့် လေ့လာဆန်းစစ်မှုများလည်း ပြုလုပ် ထားပြီးဖြစ်ကြောင်း ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ Park Royal ဟိုတယ်၌ ကျင်းပသည့် ''ံHydropower in Myanmar- A framework for accelerated power production'' ခေါင်းစဉ်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် နော်ဝေနိုင်ငံ ရေအားလျှပ်စစ် ကဏ္ဍမှ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ ပူးပေါင်းကျင်းပသော ရေအားလျှပ်စစ် ဖွံ့ဖြိုးမှု    ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဆိုင်ရာများတွင်   နော်ဝေနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ  ပြုလုပ်ခဲ့ ရာ၌   နော်ဝေနိုင်ငံမှ  SN Power ကုမ္ပဏီအနေဖြင့် အလယ်ရဲရွာရေအား လျှပ်စစ်စီမံကိန်းတွင် ပူးပေါင်းဆောင် ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏  ရေအားလျှပ်စစ်နည်း ပညာဖွံ့ဖြိုးမှုအကူအညီအဖြစ် နော်ဝေ နိုင်ငံက အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ကူညီခဲ့ကြောင်းနှင့် ရေအား လျှပ်စစ်အကူအညီအဖြစ်   ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနအားIn-house Consultant အဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဆက်လက်ပြောကြားသည်။

နော်ဝေနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေအားလျှပ်စစ်နှင့် ပတ်သက်၍ အတွေ့အကြုံအများဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ နော်ဝေနိုင်ငံတွင် လည်း လျှပ်စစ်ဖြင့်ပင် ၉၈ ရာခိုင်နှုန်း အထိ ပေးထားနိုင်သည့်နိုင်ငံဖြစ်သည်။ ထို့ပြင်  မြန်မာနိုင်ငံ၏  လျှပ်စစ်နည်း ပညာ ပူးပေါင်းဆောင်ရွက်မှုများတွင် ယခုနှစ်မှစတင်ကာ အတိုင်ပင်ခံအနေ ဖြင့်ရော အကြံဉာဏ်ပေးမှုနှင့် အကောင် အထည်ဖော်မှုများတွင်ပါ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း   ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ယနေ့ပြုလုပ်သော  အလုပ်ရုံဆွေး နွေးပွဲသည် Water Based Economy  ဟု ခေါ်နိုင်သည့် ရေအခြေခံစီးပွား ရေးလုပ်ငန်းများကို သဘာဝပတ်ဝန်း ကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးနှင့် လျှပ်စစ် ကဏ္ဍ  ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရေး ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဌာန ဆိုင်ရာအကြီးအကဲများနှင့် ရေအား လျှပ်စစ်ကဏ္ဍမှ တာဝန်ရှိသူများ၊ နော်ဝေနိုင်ငံအခြေစိုက် NVE, SN Power တို့မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း-နိုင်လင်းကြည်
ဓာတ်ပုံ-ကိုကိုနေ
 
No comments:

Post a Comment