Monday, December 1, 2014

ယူအေအီးနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများကို မညှာမတာဆက်ဆံ

Photo: ယူအေအီးနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများကို မညှာမတာဆက်ဆံ

အဘူဒါဘီ   နိုဝင်ဘာ  ၃ဝ

ကုလသမဂ္ဂ  နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း   (အိုင်အယ်လ်အို)သည်      အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံရှိ     ရွှေ့ပြောင်းလုပ်သားများ၏ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ    အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်   (အိုင်တီယူစီ)၏      တိုက်တန်းချက်နှင့်ပတ်သက်ပြီး   ဤသို့    စုံစမ်းစစ်ဆေးမှုများ   ပြုလုပ်ခဲ့ခြင်း   ဖြစ်သည်။ဆောက်လုပ်ရေးနှင့်အိမ် အကူလုပ်ငန်းများတွင်    ဝင်ရောက်လုပ်ကိုင်နေသော    ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်ခြင်း၊  အတင်းအကျပ်ခိုင်းစေခြင်း များရှိကြောင်း (အိုင်တီယူစီ)၏    ပြောပြချက်ကို  ဂါးဒီးယန်းသတင်းစာ က စနေနေ့က  ဖော်ပြခဲ့သည်။

အဘူဒါဘီမြို့ရှိ   ရွှေ့ပြောင်းလုပ်သားအမြောက်အမြား  မညှာမတာဆက်ဆံခြင်းခံရကြောင်း၊ အလုပ်အကိုင်  ရရှိရေးအတွက်    တရားမဝင်    ငွေကြေးပေးဆောင်ရခြင်းကြောင့်    ဆင်းရဲဒုက္ခရောက်နေရကြောင်း၊   နေထိုင်စားသောက်ရာတွင်လည်း  အဆင်ပြေမှုမရှိကြောင်း၊ လုပ်အားခမှာလည်း   မျှတခြင်းမရှိကြောင်းစသည်ဖြင့်  ဖော်ပြပါရှိခဲ့သည်။

အိုင်တီယူစီ၏  တိုင်ကြားချက်အရ    အိုင်အယ်လ်အိုအဖွဲ့ဝင်    နိုင်ငံတစ်ခုဖြစ်သည့်   ယူအေအီးနိုင်ငံသည်   တရားဝင်သဘောတူညီချက်ကို     မထီမဲ့မြင်ပြုရာ   ရောက်လွန်းနေကြောင်း၊တရား ဥပဒေမူဘောင်ကို   လိုက်နာကျင့်သုံးမှုအားနည်းပြီး     ရွှေ့ပြောင်းလုပ်သားများ၏အရေးကို ကာကွယ်မှုမရှိကြောင်း အိုင်တီယူစီက ပြောခဲ့သည်။

ယူအေအီးကာဖာလာ     အစီအစဉ်အရ    ရွှေ့ပြောင်းလုပ်သားတစ်ယောက်သည်     ဗီဇာရရန်ဝန်ဆောင်ခအနေဖြင့် အမေရိကန် ဒေါ်လာ၂၅ဝဝ ထိ    ၄င်းတို့၏   အေးဂျင့်ကိုပေးရကြောင်း  သိရသည်။  ထို့ပြင်   ၄င်းတို့၏ လုပ်အားခကိုလည်း  အေးဂျင့်များက ထိန်းချုပ်ထားမှုကြောင့်  အိမ်ပြန်ချင်တိုင်းပြန်၍မရသော  အနေအထားဖြစ်ကြောင်း သိရသည်။

ထို့ပြင်  အလုပ်တစ်ခုမှတစ်ခုသို့   ရွှေ့ပြောင်း၍မရခြင်း၊  အလုပ်တစ်ခုသည်  မိမိထင်သလို မဟုတ်ဘဲ အခြေအနေမကောင်းသော  အခါတွင်လည်း  စွန့်ခွာသွား၍မရခြင်းတို့ရှိကြောင်း သိရသည်။

ယူအေအီးနှင့်    ကာတာတို့သည်  စီးပွားရေးအရ    ဖွံ့ဖြိုးတိုးတက်သော်လည်း   ခေတ်သစ်ကျေးကျွန်စနစ်ဆန်သော   ကာဖာလာစနစ်ကြောင့်     ရွှေ့ပြောင်းအလုပ်သမားများ   ဒုက္ခရောက် လျက်ရှိသည်ဟုဆိုသည်။              

(ပရက်စ်တီဗွီ)

No comments:

Post a Comment