Tuesday, December 2, 2014

လက်ရှိသမ္မတ စီစီလက်ထက်တွင် အီဂျစ်နိုင်ငံ အနာဂတ်တိုးတက်မည်လော

Photo: လက်ရှိသမ္မတ စီစီလက်ထက်တွင် အီဂျစ်နိုင်ငံ အနာဂတ်တိုးတက်မည်လော
==============================================

ကိုင်ရို ဒီဇင်ဘာ ၁

အီဂျစ်နိုင်ငံ၏  အနာဂတ်သည် လက်ရှိသမ္မတစီစီ လက်ထက်တွင် တိုးတက်ကောင်းမွန်သော အနာဂတ် ကိုပုံဖော်နိုင်မည်မဟုတ်ကြောင်း နိုင်ငံ ရေး အစီအစဉ်တင်ဆက်သူတစ်ဦး၏  ပြောကြားချက်ကို ကိုးကား၍ ပရက်စ် တီဗွီက ရေးသားဖော်ပြခဲ့သည်။

 ရာဂျာရက်ဟ်နာမ် နိုင်ငံတကာ လေ့လာရေးကျောင်း၏ အကြီးတန်း အုပ်ချုပ်ရေးအဖွဲ့ဝင်  ဂျိမ်းစ်ဒေါ်စီက ထိုင်းနိုင်ငံဗန်ကောက်ရှိ ပရက်စ်တီဗွီ နှင့်  အင်တာဗျူးရာတွင် အကယ်၍ အယ်လ်-စီစီက  ၄င်း၏ဖိနှိပ်ချုပ်ချယ် သော  မူဝါဒများကိုမစွန့်လွှတ်ဘဲ ဆုပ် ကိုင်ထားမည်ဆိုပါက အီဂျစ်နိုင်ငံ၏ အနာဂတ်အလားအလာမှာ တောက် ပမှုမရှိနိုင်ဟုပြောခဲ့သည်။ အစ္စလာ မ္မစ်   အတိုက်အခံတွေပဲဖြစ်ဖြစ်၊  အစ္စလာမ္မစ်မဟုတ်သော  အတိုက် အခံတွေပဲဖြစ်ဖြစ်   အတိုက်အခံ အားလုံးကို  ဖိနှိပ်နိုင်သော အခြေ အနေတစ်ရပ်သည်  လက်ရှိ အီဂျစ် သမ္မတစီစီတွင်ရှိကြောင်း   ၄င်းက ထပ်လောင်းပြောခဲ့သည်။

လက်ရှိ အီဂျစ်အစိုးရ၏ အုပ်ချုပ် မှုသည် သက်ဦးဆံပိုင်ပုံစံသို့  ယိမ်း နေပြီး ဤစနစ်က ယခင်အီဂျစ်သမ္မတ မူဘာရတ်၏ အုပ်ချုပ်မှုထက် ပိုမိုဆိုး ရွားနေကြောင်း ၄င်းက ထပ်မံပြော ဆိုခဲ့သည်။

အီဂျစ်နိုင်ငံ၏ ၂ဝ၁၁ ဆူပူအုံကြွ မှုသည် အပေါ်ယံ ရွှေမှုန်ကြဲအဆင့် လောက်သာအောင်မြင်မှုရရှိပြီး သက် ဦးဆံပိုင်ပုံစံဖြင့်  အုပ်ချုပ်နေမှုကို ပြောင်းလဲမှုမရှိနိုင်သေးဟု နိုင်ငံရေး ကျွမ်းကျင်သူ ဒေါ်စီကသုံးသပ်သည်။

သက်တမ်းရှည်ကြာအုပ်ချုပ်မှုကို အဆုံးသတ်စေသည့် ၂ဝ၁၁ ခုနှစ် ဆူပူအုံကြွမှုတွင်  ဆန္ဒပြသူများကို သတ်ခဲ့သည့်အမှုဖြင့် ပတ်သက်ပြီး ဖြုတ်ချခံ အီဂျစ်သမ္မတဟောင်း မူဘာ ရတ်ကို အီဂျစ်တရားရုံးက ပလပ်လိုက် ခြင်းသည် အီဂျစ်နိုင်ငံ၏  သက်ဦး ဆံပိုင်ပုံစံဖြင့် အုပ်ချုပ်နေမှုကို အထင် အရှား သက်သေပြလိုက်ခြင်းပင်ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသူ ဒေါ်စီ က သုံးသပ်ပြထားသည်။

အီဂျစ်နိုင်ငံ၏ ဒီမိုကရေစီနည်း အရ  ရွေးချယ်တင်မြှောက်ခဲ့သော သမ္မတမိုဟာမက်မော်စီသည်လည်း တပ်မတော်၏ အုပ်ချုပ်ရေးပုံစံကို မတွန်းလှန်နိုင်သကဲ့သို့ တရားစီရင် ရေးမဏ္ဍိုင်ကိုလည်း ပြုပြင်ပြောင်းလဲ ရေး မလုပ်နိုင်ကြောင်း အီဂျစ်နိုင်ငံ ရေး လေ့လာစောင့်ကြည့်သူ ဒေါ်စီက ပြောထားသည်။      
   (ပရက်စ်တီဗွီ)

No comments:

Post a Comment