Tuesday, December 30, 2014

ခေတ်မီဂျီအိုင်အက်စ်ဓာတ်အားခွဲရုံ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် တည်ဆောက်နေ

Photo: ခေတ်မီဂျီအိုင်အက်စ်ဓာတ်အားခွဲရုံ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် တည်ဆောက်နေ
=======================================

နေပြည်တော် ဒီဇင်ဘာ ၂၉

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးခင်မောင်စိုး သည် ဒုတိယဝန်ကြီး ဦးအောင်သန်း ဦးနှင့်အတူ  ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော ၂၃ဝ ကေဗွီ/၂ ထ  ၁၂၅  အမ်ဗွီအေ GIS  ဓာတ်အားခွဲရုံကို ဒီဇင်ဘာ ၂၈ ရက်  နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

GIS ဓာတ်အားခွဲရုံကြီးသည်  မြန်မာနိုင်ငံတွင်  ပထမဆုံး  ၂၃ဝ ကေဗွီ GIS  ဓာတ်အားခွဲရုံကြီးဖြစ် ကြောင်း၊ ဓာတ်အားခွဲရုံတည်ဆောက် ရာတွင် နိုင်ငံခြားသားပညာရှင်များ၏ အထောက်အကူဖြင့်   ဆောင်ရွက် လျက်ရှိရာ အင်ဂျင်နီယာများအနေဖြင့် လုပ်ငန်းခွင်လေ့လာမှုကို ပညာရှင် များနှင့်အတူ အကျိုးရှိအောင်ဆောင် ရွက်ပြီး ကြိုးစားပညာရယူရန်လိုအပ် ကြောင်း   ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအားမှာကြားခဲ့သည်။

GIS  ဓာတ်အားခွဲရုံတည် ဆောက်ပြီးစီးပါက  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ    ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊  ရွှေပေါက္ကံမြို့၊  ဝေဘာဂီမြို့နယ်၊  ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်၊  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊  မြောက်ဥက္ကလာပမြို့နယ် များသို့  ၆၆ ကေဗွီဓာတ်အားလိုင်းများ ဆက်လက်တည်ဆောက်၍ ဓာတ် အားပို့လွှတ်မည်ဖြစ်သည်။ 

အဆိုပါ မြို့နယ်များသည် လက်ရှိ တွင် သာကေတပင်မဓာတ်အားခွဲရုံ၊ လှော်ကား  ပင်မဓာတ်အားခွဲရုံတို့မှ   ၆၆ ကေဗွီ၊ ၃၃ ကေဗွီဓာတ်အား လိုင်းများဖြင့် ဓာတ်အားပို့လွှတ်လျက် ရှိရာ ဗို့အားကျဆင်းမှု၊   မကြာခဏ ဓာတ်အားပြတ်တောက်မှုတို့ ဖြစ်ပေါ် လေ့ရှိသည်။    ခွဲရုံတည်ဆောက် ပြီးစီးပါက  ဓာတ်အားတည်ငြိမ်စွာ   ဖြန့်ဖြူးပေးမည်ဖြစ်သည်။

အဆိုပါ   ဓာတ်အားခွဲရုံကို ကိုရီးယားသမ္မတနိုင်ငံ Hyundai  ကုမ္ပဏီနှင့်   အကောင်အထည် ဖော်တည်ဆောက်နေခြင်းဖြစ်သည်။ သမားရိုးကျ ၂၃ဝ ကေဗွီဓာတ်အားခွဲရုံများတည်ဆောက်ရာတွင် ခလုတ် ကိရိယာများ၊ ဆက်စပ်ပစ္စည်းများ အား လေကို ဓာတ်ကာပစ္စည်းအဖြစ်  အသုံးပြုထားသော Air Insulated Switch Gear (AIS)များဖြင့် အသုံး ပြုခဲ့သော်လည်း ယခုဓာတ်အားခွဲရုံ တွင်မူ ၂၃ဝ ကေဗွီ နှင့် ၆၆ ကေဗွီ ခလုတ်ကိရိယာများ၊ ဆက်စပ်ပစ္စည်း များအား SF 6 ဓာတ်ငွေ့ကိုဓာတ်ကာ ပစ္စည်းအဖြစ် Gas   Insulated Switch    Gear   (GIS) များကို  အသုံးပြုထားခြင်းဖြစ်၍ခေတ်မီသော   ဓာတ်အားခွဲရုံဖြစ်သည်။ ပြုပြင်ထိန်း သိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရမှု နည်းပါးခြင်း၊    အပြစ်ဖြစ်ပွား၍   ဓာတ်အားပြတ်တောက်မှုနှင့် ပစ္စည်း ကိရိယာများ   ချွတ်ယွင်းပျက်စီးမှု နည်းပါးခြင်း၊   လျှပ်စစ်အန္တရာယ် ကျရောက်မှု    ကင်းဝေးစေခြင်း၊   နေရာလိုအပ်မှုနည်းပါးခြင်း စသည့်  အကျိုးကျေးဇူးများရရှိမည်    ဖြစ် သည်။ နိုင်ငံတကာတွင်လည်း ဤ ခေတ်မီ GIS   ဓာတ်အားခွဲရုံများ ကို    တည်ဆောက်အသုံးပြုလျက် ရှိကြောင်း သိရသည်။
 (မြန်မာ့အလင်း)
 
No comments:

Post a Comment