Tuesday, December 30, 2014

ရခိုင်ပြည်နယ်ရှိ လမ်း/တံတားလုပ်ငန်းများ အဆင့်မြှင့်တင်လျက်ရှိ

Photo: ရခိုင်ပြည်နယ်ရှိ လမ်း/တံတားလုပ်ငန်းများ အဆင့်မြှင့်တင်လျက်ရှိ

နေပြည်တော်    ဒီဇင်ဘာ   ၂၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက သံတွဲခရိုင်ရုံး၌ အထူးအဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့များမှ တာဝန်ခံအင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတားများ တိုးတက်ကောင်းမွန်အောင် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ဖို့လိုကြောင်း၊ သံတွဲခရိုင်အတွင်းရှိလမ်း များ တိုးတက်ကောင်းမွန်စေရန်၊  ယခုပွင့်လင်းရာသီတွင် တွန်းအားပေးဆောင်ရွက်ရန်လိုကြောင်း၊ ရန်ပုံငွေသုံးစွဲရာ တွင်လည်း  ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ  သုံးစွဲရန်လိုကြောင်းမှာကြားသည်။

ထို့နောက် သံတွဲမြို့တွင်းလမ်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်း၊ သံတွဲ-တောင်ကုတ်လမ်း မိုင်တိုင် (၃၈/၇ နှင့် ၃၉/ဝ)ကြား ကတ္တရာထပ်ပိုးလွှာခင်းနေမှု၊ မိုင်တိုင် (၂၃/၄ နှင့် ၂၃/၅)ကြား လမ်းချဲ့နေမှု၊ မိုင်တိုင်(၂၁/ဝ နှင့် ၂၁/၁ ကြား) ကျောက်ခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။ 

ဆက်လက်၍   တောင်ကုတ်-မအီလမ်း  မိုင်တိုင် (၂၃/၁ နှင့် ၂၃/၂ ကြား) ကျောက်ခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 
ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၂၈ ရက် နံနက် ပိုင်းတွင် အမ်းမြို့ရှိ စီမံကိန်းအထူးအဖွဲ့(၇)ရုံးခန်းမ၌ အထူး အဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့များမှ တာဝန်ခံအင်ဂျင် နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူး-အမ်းလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မိုင်တိုင်(၇၉/၄ နှင့် ၇၉/၅)ကြား ပါရာချောင်းတံတား ချဉ်းကပ်လမ်း မြေထိန်းနံရံတည်ဆောက်နေမှု၊ မိုင်တိုင် (၆၁/ဝ)ရှိ ရခိုင် ပြည်နယ်နှင့်မကွေးတိုင်းဒေသကြီးနယ်စပ်တွင် လမ်းအဆင့် မြှင့်တင်ထားမှု၊ မိုင်တိုင်(၆/၇နှင့်၇/ဝ)ကြား ကတ္တရာထပ်ပိုး လွှာခင်းနေမှု၊ ပဒါန်း-ငဖဲ-စေတုတ္တရာ-ဆောလမ်းအခြေ အနေ၊ မိုင်တိုင်(၃၆/၅) တွင် ပန်းထိန်းချောင်းတံတားတည် ဆောက်နေမှုနှင့် အင်းချောင်းတံတားကြံ့ခိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 (ကြေးမုံ)

No comments:

Post a Comment