Tuesday, December 30, 2014

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့နှင့် ဂျပန်နိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့အား လက်ခံတွေ့ဆုံ

Photo: ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးနန္ဒကျော်စွာ မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့နှင့် 
ဂျပန်နိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၉

ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် မြန်မာ နိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါ်တင်လှကြည်၊ ဒေါ်ခင်စောဥမ္မာ၊     ဒုတိယဥက္ကဋ္ဌ    မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အဖွဲ့ (ယာယီ) တို့နှင့်အတူ ဂျပန်နိုင်ငံ အိုဆာကာ ကင်းထောက်အမျိုးသမီး အဖွဲ့ခေါင်းဆောင် Ms.YOKO SHINKE ဦးဆောင်သော အဖွဲ့တို့ အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယဥက္ကဋ္ဌ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းနောက်  ပြည်ထောင်စုလွှတ် တော်ဒုတိယနာယက ပြည်သူ့လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က လွှတ်တော်သို့လာရောက်လေ့လာ ကြသည့် မြန်မာနိုင်ငံကင်းထောက် အမျိုးသမီးအဖွဲ့နှင့် ဂျပန်နိုင်ငံအိုဆာ ကာကင်းထောက်အမျိုးသမီးအဖွဲ့ စုစု ပေါင်း ၉၈ ဦးတို့အား ပြည်သူ့လွှတ် တော် ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ နှုတ် ခွန်းဆက် အမှာစကားပြောကြားပြီး ကင်းထောက်  အမျိုးသမီးအဖွဲ့နှင့် အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြ သည်။

အဆိုပါ   တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ   ဦးနန္ဒကျော်စွာနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ   တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
 
(သတင်းစဉ်)

No comments:

Post a Comment