Tuesday, December 30, 2014

(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

Photo: (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၉

စက်မှုဝန်ကြီးဌာန ဝန်ထမ်းများ၏ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါ ဝန်ကြီး ဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီး ဦးသိန်း အောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်    ကြည့်ရှုအားပေးကြ သည်။

အမျိုးသား၊ အမျိုးသမီး လွန်ဆွဲ ပြိုင်ပွဲ၊ သုံးချောင်းထောက်အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊   အမျိုးသမီး စာအုပ်ရွက်ပြိုင်ပွဲ၊   အမျိုးသား၊ အမျိုးသမီး ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ အမျိုး သားခေါင်းအုံးရိုက်ပြိုင်ပွဲများနှင့် အမျိုး သမီးထုပ်ဆီးတိုးပြိုင်ပွဲများကို ကျင်းပ ပြီး  ပြိုင်ပွဲများ၌  ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်းများနှင့် ဆုရသူ များအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

                (ကြေးမုံ)

No comments:

Post a Comment